close

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ခ်ပွန်ပေအို ကို ထိုင်ဝမ်သမ္မတ ဂုဏ်ပြု

ထိုင်ဝမ်နဲ့ အမေရိကန်ဆက်ဆံရေး တိုးမြှင့်ရာမှာ ပါဝင်အားပေးတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ခ်ပွန်ပေအိုကို ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က သမ္မတ အဆောင်အယောင်နဲ့ မတ်လ ၃ ရက်က ဂုဏ်ပြုလိုက်ပါတယ်။

ချိုင်က ပွန်ပေအိုကို တိုင်ပေမြို့တော်က သမ္မတရုံးမှာ တွေ့ဆုံရင်း ထိုင်ဝမ်အပေါ် ကာလကြာရှည် ထောက်ပံ့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ ထိပ်တန်း ဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်တဲ့ Order of the Brilliant Star with Grand Cordon ဆုကိုလည်း ပေးအပ် ဂုဏ်ပြုခဲ့ပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ်အလံတွေ ပုံနှိပ်ထားတဲ့ ပါးစပ်၊ နှာခေါင်းစည်းကို ဝတ်ထားတဲ့ ပွန်ပေအိုက သူ့စွမ်းဆောင်နိုင်စွမ်းအတွက် ဂုဏ်ယူကြောင်း ပြောပါတယ်။

အမေရိကန်အရာရှိတွေ ထိုင်ဝမ်ကို လာရောက်လည်ပတ်ဖို့ ပို့နိုင်တာ အပါအဝင် ထိုင်ဝမ်နဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်အောင် လုပ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်က တရားဝင် သံတမန်ဆက်ဆံရေး မရှိခဲ့ပေမယ့် ထိုင်ဝမ်ကို အခိုင်အမာ ကျောထောက်နောက်ခံ ပေးခဲ့တာပါ။ မြို့တော်တိုင်ပေကို အမေရိကန် ထိပ်တန်းအရာရှိတွေ အလည်အပတ်သွားခဲ့သလို လက်နက်တွေလည်း အကြီးအကျယ် ရောင်းပေးခဲ့ပါတယ်။

တရုတ်အစိုးရကတော့ သူ့ကို ထပ်ခါတလဲလဲ ဝေဖန်မှုအတွက် ပွန်ပေအိုကို မနှစ်က ဒဏ်ခတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up