ယူကရိန်းစစ်ဆင်ရေး၌ ဝင်မရှုပ်ရန် ရုရှားသတိပေး

ရုရှားတပ်တွေ ယူကရိန်းကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်မှု ၈ ရက် မြောက်နေ့မှာ သမ္မတ ပူတင်က ရုရှား အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ပွဲအရှိန်မြင့်အောင် မလုပ်ကြဖို့ ပြောကြားလိုက် ပါတယ်။
ပူတင်က “အိမ်နီးချင်းနိုင်ငံတွေအပေါ် ဆိုးရွားတဲ့ရည်ရွယ်ချက် ကျနော်တို့မှာ မရှိပါဘူး။ အခြေအနေကို အရှိန်ဝင်မြှင့်ဖို့ မလုပ်ပါနဲ့လို့တော့ ပြောပါရစေ။ တဖက်နဲ့တဖက် အပြန်အလှန် ကတိကဝတ်တွေနဲ့ ပုံမှန်အတိုင်း ဆက်နေချင်ပါတယ်။ ကျနော်တို့ ဆက်ဆံရေးကို ပိုဆိုးအောင်လုပ်တာ မမြင်ချင်ပါဘူး။ ရုရှားဖက်ဒရေးရှင်းအပေါ် ဆန့်ကျင်လာတဲ့ အပြုအမူ လုပ်ရပ်တွေ ရှိလာရင် တုံ့ပြန်မှုတွေလည်း ရှိလာမယ်” လို့ ရုပ်သံကနေ ပြောပါတယ်။