နေတိုးအဖွဲ့ကို ယူကရိန်းသမ္မတ ပြင်းထန်စွာဝေဖန်

ယူကရိန်းသမ္မတဇလန်စကီးက နေတိုးအဖွဲ့ရဲ့ ယူကရိန်းနိုင်ငံအပေါ် no-fly zone ဆောင်ရွက်ဖို့ ငြင်းပယ်တဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
နေတိုးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ရုရှားက ဗုံးတွေ ပိုချဖို့ မီးစိမ်းပြလိုက်တာပဲလို့ ပြောပါတယ်။
“သောကြာနေ့က နေတိုးထိပ်သီးအစည်းအဝေး ရှိတယ်။ အားနည်းပြီး ရှုပ်ထွေးတဲ့ အစည်း အဝေးပါ။ ဥရောပရဲ့ လွတ်လပ်မှုကို နံပါတ်တစ်အဖြစ် ဘယ်သူကမှ ထည့်မစဉ်းစားတဲ့ ထိပ်သီးအစည်းအဝေးပါ” လို့ ဝေဖန်ပါတယ်။
သူက “မဟာမိတ်ခေါင်းဆောင်တွေက no-fly zone ကို ပယ်ချလိုက်ပြီး ယူကရိန်းမြို့တွေ ကျေးရွာတွေအပေါ် ရုရှားဗုံးမိုးတွေ ရွာဖို့ မီးစိမ်းပြလိုက်တာ” လို့လည်း ပြောပါတယ်။
ရုရှားမစ်ဇိုင်းနဲ့ စစ်လေယာဉ်တွေကို ကာကွယ်ဖို့ ယူကရိန်းရဲ့ no-fly zone တောင်းဆိုမှုကို နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၀ က မတ် ၄ ရက်နေ့ ထိပ်သီးအစည်းအဝေးမှာ ပယ်ချခဲ့တာပါ။