ရုရှားကျူးကျော်စစ်ကြောင့် ဖင်လန်နိုင်ငံက နေတိုးအဖွဲ့ဝင်ဖြစ်ရေး တောင်းဆို

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံလို့ အမြဲတမ်း ချီးကျူးသတ်မှတ်ခံရတဲ့ ဖင်လန်နိုင်ငံဟာ ယခုအခါမှာ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကြောင့် ဖင်လန်ကိုလည်း နေတိုးအဖွဲ့အဝင် လျှောက်ထားဖို့ ဖင်လန်နိုင်ငံသား အများအပြားက တောင်းဆိုလာပါတယ်။
ဖင်လန်ဟာ ရုရှားနဲ့ နယ်စပ် ကီလိုမီတာ ၁၃၄၀ ရှည်လျားပြီး ၁၉၃၉ နဲ့ ၁၉၄၄ ခုနှစ်တို့မှာ ရုရှားနဲ့ နှစ်ကြိမ်တိုင် စစ်ဖြစ်ခဲ့ဖူးတာပါ။
နောက်ပိုင်းမှာ ရုရှားနဲ့ရော အနောက်အုပ်စုနဲ့ပါ အဆင်ပြေအောင် ကြားနေခဲ့ပြီး တိုးတက်တဲ့နိုင်ငံပါ။ အခု ယူကရိန်းဖြစ်ရပ်ကြောင့် ကြားနေနိုင်ငံအဖြစ်ကို စွန့်လွှတ်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံသားတွေက ပိုပြီး လိုလားနေတာပါ။
မနေ့က မြို့တော်ဟယ်လ်စင်ကီရှိ ရုရှားသံရုံးရှေ့မှာ ရုရှားကျူးကျော်စစ်ကို ဖန်လန်နိုင်ငံသားတွေ ပွင့်ပွင့်လင်းလင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
လူထုစစ်တမ်းအရ ပြီးခဲ့တဲ့ တလအတွင်း နေတိုးအဖွဲ့ဝင်အဖြစ်ကို ထောက်ခံသူ ၅၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက ဖင်လန်ကို နေတိုးအဖွဲ့ဝင်ဖြစ်ရေး လက်မှတ် ၅၀,၀၀၀ ကျော် စုထိုးပြီး လွှတ်တော်ကို ပေးပို့မှာ ဖြစ်ပါတယ်။