ဘာလီကျွန်းသို့ ကွာရန်တင်းဝင်ရန် မလိုဘဲ နိုင်ငံခြားခရီးသွားများ လည်ပတ်နိုင်

4
ကမ္ဘာကျော်အပန်းဖြေနေရာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်မှုတွေ လျှော့ချ လိုက်ပြီး ကွာရန်တင်းမလိုတော့ဘဲ နိုင်ငံခြားသားဧည့်သည်ကို စတင်ဝင်ခွင့်ပြုနေပါပြီ။
အင်ဒိုနီးရှားမှာ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျသွားပြီးနောက် နယ်စပ်တံခါးတွေနဲ့ ခရီးသွားတွေကို ပြန်ဖွင့်ပေးနေပါတယ်။
စမ်းသပ်အစီအစဉ်အဖြစ် ကာကွယ်ဆေးအပြည့်ထိုးပြီးတဲ့ ဧည့်သည်တွေ ကျွန်းပေါ်မှာ ၄ ရက်ထိ နေနိုင်ပါတယ်။
ဘာလီကျွန်း စမ်းသပ်ဖွင့်ပေးမှု အောင်မြင်တယ်ဆိုရင် နိုင်ငံခြားဧည့်သည်တွေ ကွာရန်တင်း မလိုတော့ဘဲ အင်ဒိုနီးရှားကို ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။