ယူကရိန်းသမ္မတ ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြော

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဗြိတိသျှအောက်လွှတ်တော်ကို ဗွီဒီယိုကတဆင့် မိန့်ခွန်းပြောခဲ့ရာမှာ လွှတ်တော်အမတ်တွေ အားလုံးက မတ်တတ်ရပ် ဂုဏ်ပြု ချီးကျူးဩဘာ ပေးခဲ့ကြပါတယ်။
ဇလန်းစကီးက ယူကရိန်းရဲ့ အကြမ်းဖက်နိုင်ငံ ရုရှားအား ခုခံနေမှုကို ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုခဲ့တာပါ။
သူက ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ချာချီရဲ့ ဒုတိယကမ္ဘာစစ် မိန့်ခွန်းအတိုင်း "သူတို့ အရှုံးမပေးကြောင်း၊ ဆုံးရှုံးစရာ ဘာမှမရှိတော့ကြောင်း၊ ပင်လယ်၊ လေကြောင်း၊ ကုန်းပေါ်၊ တောထဲနဲ့ လမ်းကြိုလမ်းကြားက တိုက်မှာဖြစ်ကြောင်း၊ ဘာတွေ ပေးဆပ်ရပေးဆပ်ရ ကျူးကျော်လာတဲ့ အကြမ်းဖက်သမားတွေကို တိုက်ထုတ်သွားမယ်” လို့ ပြောခဲ့ပါတယ်။