စစ်မြေပြင်တွင် အဆိပ်သင့်သည့်ပြဿနာ ပြောရန် သမ္မတဂျိုးဘိုင်ဒင် တက္ကဆက်ရောက်ရှိ

ကင်ဆာလို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေတဲ့ စစ်မြေပြင်တွေမှာ အဆိပ်သင့်တဲ့ ကိစ္စတွေကို ထင်ရှားအောင်ပြောဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ တက္ကဆက်ပြည်နယ်ကို မတ် ၇ ရက်က လာရောက်ပါတယ်။
ဘိုင်ဒင်ရဲ့ သားဖြစ်သူ အမေရိကန်စစ်တပ် ဗိုလ်မှူးဘိုးဘိုင်ဒင်ဟာ အီရတ်မှာ တာဝန်ထမ်းဆောင်နေချိန်က ကတုတ်ကျင်းတွေ မီးလောင်ရာကထွက်တဲ့ အဆိပ်သင့်လို့ ကင်ဆာဖြစ်ခဲ့တာလို့ ဘိုင်ဒင်က ပြစ်တင်ပြောဆိုပါတယ်။
ကုသဖို့ ကူညီဖို့ လိုအပ်တာတွေကို အရာရှိတွေကို ပြောဖို့ ရှေ့တိုးဆောင်ရွက်ကြဖို့ တက္ကဆက်ပြည်နယ် ဖို့ထ်ဝ့ါသ်မြို့က စစ်ပြန်စစ်မှုထမ်းဟောင်းအုပ်စုကို ဘိုင်ဒင်က တိုက်တွန်းခဲ့ပါတယ်။
စစ်မှုထမ်းဟောင်းများရေးရာ ဝန်ကြီး ဒန်းနစ်မက်ဒေါ်နယ်နဲ့အတူ ဘိုင်ဒင်ဟာ စစ်ပြန်တွေအတွက် ဆေးပေးခန်းကိုလည်း သွားရောက်လည်ပတ်ပါတယ်။
စစ်မှုထမ်းဟောင်းတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေရဲ့ ဝန်ဆောင်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေရဲ့ ရှင်းလင်းတင်ပြချက်တွေကိုလည်း နားထောင်ခဲ့ပါတယ်။
စစ်ဘက်တာဝန် ထမ်းဆောင်တာနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ရှားပါးတဲ့ ကင်ဆာအမျိုးအစားတွေကို စာရင်းထဲ ထပ်ထည့်ဖို့ အဆိုပြုစည်းမျဉ်းနဲ့ ပတ်သက်ပြီးတော့လည်း ဘိုင်ဒင်က မိန့်ခွန်းထဲမှာ ဆွေးနွေး ပြောဆိုခဲ့ပါတယ်။
အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်မှုထမ်းဟောင်းတွေကို ကူညီဖို့ ဘိုင်ဒင်က အောက်လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။