တရုတ်-အမေရိကန် ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

3.4K
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်နဲ့ အမေရိကန်တို့ကြားပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ မတူခြားနားမှုတွေကို သင့်တော်အောင် စီမံခန့်ခွဲကြဖို့ တရုတ်ဝန်ကြီးချုပ် လီခါ့ချိန်က မတ်လ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန်အစိုးရ ၂ ရပ်ကြား စီးပွားရေးအရ ပြိုင်ဆိုင်မှုတွေဟာ သက်ညှာ မျှတသင့်တယ်လို့လည်း နှစ်စဉ်ကျင်းပနေကျ လွှတ်တော်အစည်းအဝေး ပိတ်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ လီခါ့ချိန်က ပြောပါတယ်။
လတ်တလောလတွေအတွင်း တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား ကုန်သွယ်ရေးက ပိုခက်ခဲလာတယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောကြပါတယ်။