close

ထိုင်း-မြန်မာနယ်စပ်တွင် သေနတ်အလက် ၄၀ ကျော် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

ထိုင်းမြောက်ပိုင်း မြန်မာနယ်စပ် မယ်ဆိုင်နဲ့ မဲဆောက်မြို့တွေကနေ မြန်မာဘက်ခြမ်းကို စက်သုံးဆီအရောင်းပြ မူးယစ်ဆေးဝါး ရောင်းရငွေတွေနဲ့ လက်နက်ရောင်းဝယ်ရေးပါ လုပ်နေတဲ့အဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေရာမှာ မတ်လ ၃ ရက်နေ့က သေနတ်အလက် ၄၀ ကျော် အပါအဝင် ဘတ်သန်းပေါင်း ၁၃၀ ကျော်ရှိ ပိုင်ဆိုင်မှုတွေကို ဖမ်းဆီးသိမ်းယူခဲ့ပါတယ်။
ချင်းရိုင်ခရိုင် နယ်မြေခံရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် ပါမိုတ်ရပ်ကွက်၊ ဝိန်းဖန်းခမ်းရပ်ကွက်၊ ပုန်ဖာရပ်ကွက်နဲ့ ကျိန်းဆဲန်မြို့ရှိ ကင်းနွန်ထပူရီ အိစ်ပို့ အဲင်န် အင်မ်ပို့ထ် ကုမ္ပဏီလီမိတက်နဲ့ ဆက်စပ်တဲ့နေရာ ၄ ခုကို သွားရောက်စစ်ဆေးပြီး ဆိုက်စုံအရွယ်စုံ အမျိုးအစားစုံ သေနတ်အလက်ပေါင်း ၄၀၊ ကာလတန်ဖိုး စုစုပေါင်း ဘတ် ၁၃၀ ကျော်ရှိ လှေ ၁၄ စီး၊ မီးခံသေတ္တာ၊ ဇိမ်ခံကား စတာတွေရော ပါဝင်ပတ်သက်သူ အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦးတို့ကိုပါ ဖမ်းဆီးခဲ့တယ်လို့ maesaipress သတင်းမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၁၉ မှ ၂၀၂၁ ခုနှစ်တွင်း စိတ်ကြွဆေးပြား အလုံးရေ ၁ သန်း ဖမ်းဆီးရမိပြီးတဲ့နောက် ကွင်းဆက်တွေကို ဆက်လက်စုံစမ်းဖော်ထုတ်ပြီး တရားရုံးက ဖမ်းဝရမ်းစာနဲ့ အခုလို နေရာအသီးသီးမှာ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up