close

မောင်တောမြောက်ပိုင်း ငါးစားကြူးရွာသား ၁ ဦး အသတ်ခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ငါးစားကြူးရွာက အသက် ၄၂ နှစ်အရွယ်ရွာသား ၁  ဦး မတ် ၁၃ ရက် နေ့ ညနေ ၅ နာရီကျော်လောက်က အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ မနေ့က ညနေပိုင်းမှာ အသတ်ခံလိုက်ရတာ။ သူ ကငါလည်းရှာတယ်။ ငါးရောင်းဝယ်ရေးလည်း လုပ်တယ်။ ဘူးသီတောင်ဘက်ကနေ ငါးလာဝယ်တဲ့သူတွေနဲ့ ငါးအရောင်းအဝယ်လုပ်တာတွေရှိတယ်။ သတ်တဲ့ လူသတ်တရားခံကိုတော့ သက်ဆိုင်ရာက ခြေရာခံလိုက်နေကြတယ်” လို အမည်မဖော်လိုတဲ့ ငါးစားကြူးဒေသခံတဦးက ပြောပါတယ်။

အသတ်ခံရသူမှာ မာမတ်ဟာရှိမ်း ဖြစ်ပြီး ငါးစားကြူ ကျေးရွာအဝင်လမ်း၊ တံတားယာဘက်ခြမ်းရေပြွန်အဝမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရဲစစ်ချက်အရ သေဆုံးသူနဲ့ ၄ ပေလောက်အကွာမှာ သွေးပေကျံနေတဲ့ ဓားရိုးမပါ အရှည် ၂ ပေကျော်ခန့်ရှိ ဓားဦးချွန်အရှည် ၁ ချောင်း၊ တံတားဝဲဘက်မြေသားလမ်းပေါ်မှာ လဲကျနေတဲ့ ယာဉ်အမှတ်မပါ CANDA-125 အစိမ်း ပုတ်ရောင်ဆိုင်ကယ် ၁ စီးတို့အား စစ်ဆေးတွေ့ရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

ပြီးခဲတဲ့ ဒီဇင်ဘာလ ၂၂ ရက်ညကလည်း မောင်တောမြို့၊ ဘုတ်ဆိတ်ဝင်/ထွက်စခန်းအနီးမှာ ထွေအုပ်ဝန်ထမ်းစာရေး ၁ ဦး အသတ်ခံခဲ့ရပြီး တရားခံကို ဒီနေ့အထိ ဖော်ထုတ်ရရှိခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up