အီရန်နျူလက်နက် မရစေရန် အမေရိကန် ဆောင်ရွက်မည်

အီရန်က နျူကလီးယားလက်နက် မရသွားအောင် တားမြစ်နိုင်ရေး သံတမန်ရေးနည်းလမ်းတွေကို အမေရိကန်အစိုးရက ဖွင့်သွားမယ်လို့ အမေရိကန်အစိုးရပြောခွင့်ရ နဒ်ပရိုက်စ်က မတ်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဒဏ်ခတ်ထားပေမယ့် အဲဒီဒဏ်ခတ်မှုဟာ အီရန်နဲ့ ရုရှားကြား ကုန်သွယ်ရေးကို မထိခိုက်စေဖို့ အာမခံချက်ကို ရုရှားအစိုးရက တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက် အရင်အပတ်က ဩစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ ကျင်းပနေတဲ့ အီရန်အရေး ဆွေးနွေးပွဲတွေ ရပ်သွားခဲ့တာပါ။
ရုရှားရဲ့ တောင်းဆိုချက်ဟာ မဖြစ်နိုင်ဘူးလို့ အနောက်အင်အားကြီးနိုင်ငံတွေက ပြောခဲ့သလို အမေရိကန် အစိုးရကလည်း သဘောမတူနိုင်ဘူးလို့ အခိုင်အမာ ပြောခဲ့ပါတယ်။