အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်ခံဦးရေ ၇၉ သန်းခွဲကျော် ရှိလာ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဦးရေစုစုပေါင်းဟာ မတ် ၁၃ ရက်မှာ ၇၉ ဒသမ ၅၁ သန်း ကျော်သွားပြီလို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် စနစ်သိပ္ပံနဲ့ အင်ဂျင်နီယာဌာန (CSSE) က ထုတ်ပြန်တဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေက ဆိုပါတယ်။
မတ် ၁၃ ရက်မှာ ကူးစက်ခံ သေဆုံးသူ ဦးရေစုစုပေါင်းကတော့ ၉၆၇,၀၀၀ သိန်း ကျော်သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာပဲ အမေရိကန်သမ္မတဟောင်း ဘားရတ် အိုဘားမားက သူဟာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး အပျော့စားဝေဒနာတွေကို ခံစားနေရတယ်လို့ ပြောပါတယ်။
နိုင်ငံအတွင်း အခြေအနေ ပြေလျော့သွားပုံရပေမယ့် ပြည်သူတွေ ကာကွယ်ဆေးထိုးကြဖို့ အိုဘားမားက အကြံပြုပါတယ်။
သူကူးစက်ခံရတာဟာ နိုင်ငံတွင်း ကူးစက်ခံဦးရေ ကျဆင်းသွားပေမဲ့ ကာကွယ်ဆေး မထိုးရသေးရင် ထိုးကြဖို့ သတိပေးလိုက်သလိုပဲလို့လည်း အိုဘားမားက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
အမေရိကန်နိုင်ငံအတွင်း ပြည်နယ်အများအပြားမှာ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးနေပေမဲ့ လေယာဉ်တွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပါးစပ်နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ဖို့ ဧပြီ ၁၈ ရက်ထိ သက်တမ်းတိုးထားပါတယ်။