မန်စီးတီးအမှတ်လျော့သွားခဲ့သည့်အပေါ် အံ့အားသင့်ခဲ့ရဟု လီဗာပူးနည်းပြပြော

မန်စီးတီးအသင်းအမှတ်လျော့ခဲ့ရတဲ့အပေါ်မှာ အံ့အားသင့်စရာဖြစ်ခဲ့ရကြောင်း လီဗာပူးနည်းပြ ယာဂန် ကလော့ပ်က ပြောပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံဆုအတွက် အမှတ်လိုအပ်နေချိန်မှာ ခရစ္စတယ်ပဲလေ့အသင်းကို အနိုင်ရရှိအောင် မကစားနိုင်ခဲ့ဘဲ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
အဲဒီပွဲစဉ်ကို ၆၅ မိနစ်အထိ ကြည့်ခဲ့ပြီး ခရစ္စတယ်ပဲလေ့အသင်းကစားတာ ကောင်းမွန်သလို မန်စီးတီးလည်း အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ နည်းပြကလော့ပ်ကပြောပါတယ်။
ပွဲအပြီးရလဒ်ကို ကြည့်ချိန်မှာတော့ အံ့အားသင့်ခဲ့ရတယ်လို့ ကလော့ပ်က ပြောပါတယ်။
မန်စီးတီးက သရေကျခဲ့တာကြောင့် လီဗာပူးအသင်းက ဒီကနေ့ည ကစားမယ့် အာဆင်နယ်နဲ့ပွဲစဉ်မှာအနိုင်ရခဲ့ရင် ရမှတ်တမှတ်သာ ကွာဟတော့မှာဖြစ်ပါတယ်။
အာဆင်နယ်ကို အဝေးကွင်းမှာ ကစားရမှာက အနိုင်သုံးမှတ်ရပြီလို့ မပြောနိုင်ကြောင်းနဲ့ ဘယ်လိုရလဒ်ဖြစ်မလဲဆိုတာ ပွဲအပြီးမှသာ သိရမယ်လို့လည်း ကလော့ပ်က ပြောပါတယ်။
ဒဏ်ရာရခဲ့တဲ့ အဓိကတိုက်စစ်မှူး ဆာလက်ကတော့ အာဆင်နယ်နဲ့ပွဲမတိုင်ခင် တရက်အလိုမှာ လေ့ကျင့်ခန်းဆင်းခဲ့တာကြောင့် ပါဝင်ကစားနိုင်မယ်လို့ နည်းပြကလော့ပ်က ပြောထားပါတယ်။