close

ရုရှားက စစ်ရေးပစ်မှတ်သာတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုချက်ကို ကလစ်ချ်ကို မေးခွန်းထုတ်

ရုရှားဘက်က စစ်ရေးဆိုင်ရာပစ်မှတ်တွေကိုပဲ တိုက်ခိုက်တယ်ဆိုတာ ဘယ်သူပြောတာလဲလို့ ယူကရိန်း လက်ဝှေ့ ချန်ပီယံဟောင်း ကလစ်ချ်ကိုက မေးခွန်းထုတ်သွားပါတယ်။ 

လက်ဝှေ့ ချန်ပီယံဟောင်း ဗစ်တာလီ ကလစ်ချ်ကိုဟာ ကိယက်ဗ်မြို့တော်ဝန်လည်းဖြစ်ပြီး အစ်ကိုဖြစ်သူ ဝလာဒီမာကလစ်ချ်ကိုနဲ့အတူ မြို့တော်ကို ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ 

ရုရှားစစ်တပ်က တိုက်ခိုက်ခဲ့တဲ့ လူနေအိမ်တိုက်ခန်း အပျက်အစီးတွေကို လေ့လာကြည့်ရူချိန်မှာ မြို့တော်ဝန် ကလစ်ချ်ကို ကို 7news သတင်းထောက်က မေးခွန်းမေးမြန်းခဲ့ပါတယ်။ 

အဲဒီမေးခွန်းအစမှာ ရုရှားဘက်က ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကိုပဲ ပစ်မှတ်ထားတယ်လို့ ဆိုထားကြောင်း အစချီနေစဉ်မှာပဲ ကလစ်ချ်ကိုက ဒေါသထွက်သွားခဲ့တာပါ။ 

ဗစ်တာ လီကလစ်ချ်ကိုဟာ ဆဲဆိုမှုတခုပြုလုပ်ပြီး ပြန်လည်တောင်းပန်ခဲ့ပြီးနောက် ဒုံးကျည်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တိုက်ခန်းတွေကို လက်ညှိုးထိုးပြပြီး စစ်ရေးပစ် မှတ်တွေက ဘယ်နေရာကိုပြောတာလဲလို့ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ 

“ဗုံးကြဲတဲ့ဒဏ်တွေကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံးနေပါတယ်။ လက်ရှိ မြို့တော်သားတွေရဲ့ အခြေအနေပြောရရင် လူတိုင်း ဒေါသထွက်နေကြတယ်။ ကျနော် ပြည်သူတွေနဲ့ စကားပြောကြည့်တော့ သူတို့က ဒီမြို့ကနေ ထွက်မသွားချင်ဘဲ မြို့တော်ကို ကာကွယ်လိုနေကြတယ်” လို့ ဗစ်တာလီကလစ်ချ်ကိုက စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up