ထိုင်းအမျိုးသားနှင့် လက်ထပ်ခဲ့သည့် နိုင်ငံခြားသူ ၃၆ ဦးကို နိုင်ငံသားပေး၊ မြန်မာ ၈ ဦးပါဝင်

ထိုင်းနိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်ခဲ့ကြတဲ့ မြန်မာအမျိုးသမီး ၈ ဦးအပါအဝင် နိုင်ငံခြားသူ အမျိုးသမီး ၃၆ ယောက်ကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်ကြောင်း ထိုင်းတော်ဝင်ဂေဇက်ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
ဒါဟာ ထိုင်းအမျိုးသားတွေနဲ့ လက်ထပ်ထိမ်းမြားခဲ့ကြပြီး နိုင်ငံသားအနေနဲ့ အသိအမှတ်ပြုဖို့ တင်သွင်းခဲ့ပြီးတဲ့နောက်မှာ ၁၉၆၅ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနက ခုလိုခွင့်ပြုပေးလိုက်တာလို့ ဆိုပါတယ်။
လတ်တလော ထိုင်းနိုင်ငံသားအသိအမှတ်ပြုခံရသူတွေထဲမှာတော့ မြန်မာအမျိုးသမီး ၈ ယောက်ပါဝင်နေပြီး တရုတ်အမျိုးသမီး ၁၃ ယောက်၊ အိန္ဒိယအမျိုးသမီး ၄ ယောက်၊ ကမ္ဘောဒီးယားအမျိုးသမီး ၃ ယောက်၊ ဗီယက်နမ်အမျိုးသမီး ၃ ယောက်၊ လာအိုအမျိုးသမီး ၂ ယောက်၊ မလေးရှားအမျိုးသမီး ၁ ယောက်နဲ့ တိုင်လျူနဲ့ တိုင်ယိုင်လူမျိုးစုက ၁ ယောက်စီ ပါဝင်တယ်လို့ ဆိုပါတယ်။