close

ဘန်ကောက်တွင်ကစားမည့် မန်ယူ-လီဗာပူး ချစ်ကြည်ရေးပွဲလက်မှတ် စတင်ရောင်းချမည်

ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မှာ ချစ်ကြည်ရေးဘောလုံးပွဲ ကစားကြမယ့် မန်ယူနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲလက်မှတ်တွေကို လာမယ့် ဧပြီ ၂ ရက်မနက် ၁၀ နာရီက စတင်ပြီးတော့ ရောင်းချသွားမယ်လို့ သိရပါတယ်။

ပွဲစီစဉ်တဲ့ Fresh Air Festival ကတော့ “The Match Bangkok Century Cup 2022” အမည်နဲ့ ဒီပွဲလက်မှတ်တွေကို နိုင်ငံတဝန်းလက်မှတ်အရောင်းကောင်တာတွေနဲ့ ဝက်ဘ်စာမျက်နှာ www.thaiticketmajor.com ဒါမှမဟုတ် ဖုန်းနံပါတ် (+66) 2262 3838 တို့ဆီ ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ကာ တယောက်ကို လက်မှတ် ၄ စောင်အထိသာ ဝယ်ယူနိုင်မယ်လို့ ပြောပါတယ်။

ရာဇမင်္ဂလာအမျိုးသားအားကစားရုံမှာ လာမယ့် ဇူလိုင် ၁၂ ရက် ည ၈ နာရီမှာ ကစားကြမယ့် ဒီပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ ဘတ် ၅၀၀၀၊ ၇၀၀၀၊ ၂၀၀၀၀၊ ၂၂၀၀၀ နဲ့ ၂၅၀၀၀ အသီးသီးသတ်မှတ်ထားတယ်လို့ Fresh Air Festival က ကနဦးကြေညာထားပါတယ်။

ဒီပွဲမစခင်မှာ ယူကေက အားကစားကွင်းတွေလို ကွင်းတခုလုံး ခုံတွေ၊ ဝင်ပေါက်လိုဏ်တွေကနေ အဝတ်လဲခန်းတွေအထိ ပြုပြင်မွမ်းမံတာတွေ လုပ်ဆောင်သွားမယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up