ရွှေပြည်သာမြို့ ၂ နေရာနှင့် မန္တလေးမြို့က Drink & Eat Bar တို့တွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာ မတ်လ ၁၉ ရက် ည ၇ နာရီကျော်က ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ည ၇ နာရီကျော်က အမှတ် ၈ ရပ်ကွက် တော်ဝင်မှတ်တိုင်နားမှာ ပေါက်ကွဲမှုဖြစ်တာ။ Mytel တာဝါတိုင်မှာ ဖြစ်တယ်ကြားတာပဲ၊ သွားတော့ မကြည့်ရဲသေးဘူး။` မြိုတော်ခန်းမမှာလည်း လက်နက်ကြီးသံလား၊ ဗုံးသံလားတော့ မသိဘူး။ ဒုတိယအကြိမ် ပေါက်ကွဲသံ ကြားတယ်။ မြို့တော်ခန်းမထဲက စစ်သားတွေက လမ်းတွေထဲထိ လိုက်ပစ်ကြတာ။ ကလေးတွေ ဖမ်းမိလား၊ မဖမ်းမိလား သေချာမသိသေးဘူး” လို့ ” လို့ မြို့ခံတဦးက ပြောပါတယ်။
မန္တလေး ၁၁ လမ်း၊ ၈၆ × ၈၇ ကြားက Drink & Eat Bar မှာလည်း မတ် ၁၉ ရက် ည ၈ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၁၁ လမ်း ၈၆၊၈၇ ကြားက ဘားက ဆိုင်ကယ် စတန်းမှာ အသံဗုံးပေါက်တာ၊ လူထိခိုက်တာရှိပုံမပေါ်ဘူး။ ဘားထဲမှာ ဧည့်သည်တွေကတော့ အဆို အစား မပျက်ဘူး။ လူစည်နေတုန်းပဲ” လို့ မြင်တွေ့သူတဦးက ပြောပါတယ်။
ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ မကြားရသေးသလို ဘယ်အဖွဲ့တွေက လုပ်ဆောင်တယ် မသိရသေးဘူးလို့ ဆိုပါတယ်။