close

သမ္မတဘိုင်ဒင် တင်သွင်းသည့် အမျိုးသမီးတရားသူကြီးကို ဆီးနိတ်ကော်မတီ မေးခွန်းထုတ်

အမေရိကန်တရားရုံးချုပ် တရားသူကြီး လစ်လပ်နေရာအတွက် သမ္မတဂျိုးဘိုင်ဒင် ရွေးချယ် အမည်စာရင်း တင်သွင်းထားတဲ့  အမျိုးသမီးတရားသူကြီး ကာတန်ဂျီ ဘရောင်းဂျက်ဆင်ကို အတည်ပြုခန့်အပ်ဖို့ အဖွဲ့ဝင် ၂၂ ဦးပါ ဆီးနိတ်ကော်မတီက ၂ ရက်တိုင် မေးခွန်း မေးမြန်းခဲ့ပါတယ်။

ပထမဆုံး ဆီးနိတ်တာ မစ္စတာဒါဘင်က  ဂျက်ဆင်ရဲ့ တရားစီရင်ရေးဒဿနနဲ့ ပတ်သက်လို့ မေးရာမှာ ဂျက်ဆင်က “ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း ဘက်မလိုက် သမာသမတ်ကျတဲ့ တရားစီရင်ရေး နည်းစနစ်တခုတိုးတက်အောင် ကျမလုပ်နိုင်ခဲ့ပါတယ်။ အမေရိကန် တရားရေးစနစ်မှာ ကျမသတိထားမိတာ တရားသူကြီးတယောက်ရဲ့ ဆုံးဖြတ်ပိုင်ခွင့် အာဏာဟာ အကန့်အသတ်မူဘောင် ရှိပါတယ်။ အဲဒီလမ်းကြောင်းအတွင်းကပဲ အမှုတိုင်းကို ဆုံးဖြတ်ဖို့ ကျမ ကြိုးစားနေပါတယ်” လို့ ဖြေကြားပါတယ်။

ရီပတ်ဘလစ်ကင်အုပ်စုတွေက ကလေးညစ်ညမ်းစာပေ ဗီဒီယို အမှုတွေနဲ့ ပတ်သက်လို့  ဂျက်ဆင်ရဲ့ ဆုံးဖြတ်ချက်တွေ သက်ညှာမှုရှိတဲ့အပေါ် ဝေဖန်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးလည်း ဂျက်ဆင်က “ဒီလိုအမှုတွေမှာ ကျမက မိခင်တဦးအနေနဲ့ရော တရားသူကြီးတဦးအနေနဲ့ပါ ဆင်ခြင် စဉ်းစားပြီးမှ ဆုံးဖြတ်တာပါ၊ အမှန်တရားကနေ ဘာမှ ကင်းလွတ်သွားတာ မရှိပါဘူး” လို့ ဖြေကြားပါတယ်။

ဂျက်ဆင်ဟာ ဖက်ဒရယ်ခရိုင်တရားရုံးတခုမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တရားသူကြီးဖြစ်ပြီး နှစ်ရက်အကြာ ဆီးနိတ်ကြားနာမှု အတည်ဖြစ်ခဲ့ရင် အမေရိကန် အမြင့်ဆုံးတရားရုံး တရားသူကြီး ၉ ဦးအဖွဲ့မှာ ထမ်းဆောင်ခွင့်ရမယ့် ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up