ကာတာကမ္ဘာ့ဖလားကို သပိတ်မှောက်ခြင်းက အဖြေမဟုတ်ဟု အင်္ဂလန်နည်းပြပြော

ကာတာကမ္ဘာ့ဖလားကို သပိတ်မှောက်ခြင်းက ရွေးချယ်စရာအဖြေတစ်ခုမဟုတ်ကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကပြောပါတယ်။
ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားအတွက်ဘောလုံး ကွင်းတွေတည်ဆောက်ရာမှာ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက် မှုတွေရှိခဲ့တဲ့အပေါ်မှာ ကာတာကမ္ဘာ့ဖလားကို ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ကြဖို့ လူ့အခွင့်ရေးလူပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုခဲ့ကြတာပါ။
အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ဝင်မပြိုင်ဘဲ သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာအဖြေကောင်းတစ်ခုမဟုတ်ဘဲ ပြဿနာတွေကို ကူညီနိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။
“ ပြိုင်ပွဲကို သပိတ်မှောက်လိုက်လို့ အောင်မြင်မှုရမလားဆိုတာ ကျနော်တို့ အမှန်တကယ်မသိပါဘူး။ အခြေအနေတွေက ဇာတ်လမ်းရှည်ကြီးတွေဖြစ်တယ်။ ပြိုင်ပွဲကတော့ ဆက်ပြီးကျင်းပသွားလိမ့်မယ်။ တကယ်တော့ အကြီးမားဆုံးပြဿနာက ဘာသာရေးကိစ္စ၊ ယဉ်ကျေးမှုကိစ္စတွေနဲ့ မဆိုင်ဘဲ ဘောလုံးကွင်းတွေတည်ဆောက်တာနဲ့ပတ်သက်ပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ဘာမှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိတာက ဝမ်းနည်းစရာပါ”လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ကာတာနိုင်ငံက ဘောလုံးကွင်းတည် ဆောက်ရေး လုပ်ငန်းခွင်တွေမှာ လုံခြုံမှုနဲ့ မျှတမှုမရှိခဲ့တာကြောင့် အလုပ်သမားတွေ သေဆုံးခဲ့ရပြီး သွေးစွန်းတဲ့ကမ္ဘာ့ဖလားလို့ ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။