close

ပြည်နယ် ၄ ခုရှိ အိမ်ထောင်စုပေါင်း ၄၆၀၀၀ အတွက် ငွေသားအထောက်အပံ့ ပေးအပ်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)နဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT)တို့ လက်တွဲပြီးပြည်နယ်လေးခုက အိမ်ထောင်စုပေါင်း ၄၆,၀၀၀ အတွက် ငွေသားအထောက်အပံ့ကို မကြာသေးမီက ပေးအပ်ခဲ့တယ်လို့ LIFT Myanmar က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့အတွင်း ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသ‎တွေက နေရပ်စွန့်ခွာနေထိုင်နေရသူတွေနဲ့  ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေအပါအဝင် အိမ်ထောင်စုပေါင်း ၄၆,၀၀၀ ကျော်ကို WFP ရဲ့ နည်းပညာအကူအညီနဲ LIFT က တစ်ကြိမ်တည်း ငွေသားပံ့ပိုးမှု ၆၅,၀၀၀ ကျပ် (၃၆ ဒေါ်လာခန့်) ကို မကြာသေးမီက ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီငွေသားပံ့ပိုးမှုက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘဝရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်ခဲ့ကြရတဲ့ မိသားစုတွေအတွက် အဓိကရည်ရွယ် ပေးအပ်တာဖြစ်ပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခြေခံလိုအပ်ချက်တွေကို လက်လှမ်းမီစေနိုင်ဖို့ ရည်ရွယ် ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up