လိဒ်နည်းပြဟောင်း ဘီယယ်ဆာ ဘိုလီးဗီးယားနည်းပြရာထူးအတွက် ကမ်းလှမ်းခံရ

လိဒ်ယူနိုက်တက်နည်းပြဟောင်း ဘီယယ်ဆာကို ဘိုလီးဗီးယားအသင်းက နည်းပြချုပ် အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းထားပါတယ်။
အာဂျင်တီးနားနည်းပြ ဘီယယ်ဆာဟာ ပြီးခဲ့တဲ့လပိုင်းက လိဒ်ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေပါတယ်။
ဘိုလီးဗီးယားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရလဒ်မကောင်းဖြစ်ခဲ့ပြီးနောက်မှာ ဝါရင့်နည်းပြကြီးဘီယယ်ဆာကို ခန့်အပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့စီစဉ်ထားတာပါ။
ဘိုလီးဗီးယားဘောလုံးအဖွဲ့ချုပ်ကလည်း အဒီသတင်းကို အတည်ပြုခဲ့ပြီး ဘီယယ်ဆာကို ကမ်းလှမ်းထားတာမှန်ပေမဲ့ အပြီးသတ် ဆွေးနွေးစရာတွေလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အသက် ၆၆ နှစ်ရှိ နည်းပြဘီယယ်ဆာဟာ အာဂျင်တီးနားအသင်းကို ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၆ နှစ်ကြာတာဝန်ယူခဲ့သလို ချီလီအသင်းကိုလည်း ၂ဝဝ၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ ၄ နှစ်ကြာ တာဝန်ယူခဲ့ဖူးပါတယ်။
ကလပ်အသင်းတွေအနေနဲ့ ကလပ်အမေရိက၊ အက်စ်ပန်ညို၊ ဘီလ်ဘာအို၊ မာဆေး၊ လိုင်လီ၊ လိဒ်ယူ နိုက်တက် အစရှိတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။