close

တောင်ကြီးမြို့တွင် ပရဟိတလူငယ် ၆ ဦးကို စစ်တပ်က ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အာယုပါလသွေးလှူရှင်အသင်းက ပရဟိတလူငယ် ၆ ယောက်ကို  စစ်ကောင်စီတပ်က မတ်လ ၂၄ ရက်နေ့မှာ  ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။

ပရဟိတ လူငယ် ၆ ယောက်ဟာ  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတစ်ဝိုက်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို သွားရောက်လှူဒါန်းခဲ့ပြီး အပြန်လမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ် (PNO) တို့က ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

ဖမ်းဆီးခံရသူ‌တွေကတော့  အာယုပါလသွေးလှူရှင် အသင်းခေါင်းဆောင် ကိုမင်းမင်းထွန်း၊ ကိုဇွဲ၊ မလင်းလက်ခိုင်၊ မထက်ထက်နဲ့ တခြား လူငယ် ၂ ဦးတို့ ဖြစ်ပါတယ်။

ပရဟိတလူငယ် ၆ ဦးကို ဘာကြောင့် ဖမ်းဆီးထားတယ်၊ ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘာအမှုနဲ့ တရားစွဲထားတယ်ဆိုတာကိုတော့  မသိရှိရသေးဘဲ မိသားစုဝင်တွေက တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up