close

စစ်ကောင်စီဩဇာခံကော်မတီနှင့် အန်စီအေအပစ်ရပ်အဖွဲ့အချို့ နေပြည်တော်တွင် တွေ့ဆုံ

အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ အာဏာသိမ်းစစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးရေးကော်မတီ(NSPNC)တို့ မတ်လ ၂၈ ရက် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်းက ၂၀၂၁ ခု ဖေဖေါ်ဝါရီလက ဖြစ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့  အန်စီအေစာချုပ် အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေဆောင်ရွက်ဖို့ အခက်ခဲတွေကြုံတွေ့ခဲ့ရပြီး အခုတွေ့ဆုံမှုဟာ အနာဂတ်မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်ရဲ့ အစပျိုးမှု စမှတ်ဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။

စစ်ကောင်စီဘက်က ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းချက်တွေနဲ့အတူ အန်စီအေပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေး ထားလုပ်ဆောင်သွားမယ်လို့ ပြောကြားချက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ရော ဖက်ဒရယ် တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက်ပါ အရေးကြီးပြီး အပြုသဘောဆောင်တဲ့ ဖြေလျှော့မှုတွေ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

အဲဒီတွေ့ဆုံပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ကလွဲပြီး ကျန်အဖွဲ့တွေ အကုန်တက်ရောက်ခဲ့တယ်လို ပြောဆိုပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up