close

Mizzima အယ်ဒီတာ ကိုသန်းထိုက်အောင် ထောင် ၂ နှစ်ချမှတ်ခံရ

Mizzima သတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို မတ်လ ၂၂ ရက်မှာ ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်း ကနေ သိရပါတယ်။

ကိုသန်းထိုက်အောင်နဲ့ ဘီဘီစီသတင်းထောက် ကိုအောင်သူရတို့ဟာ ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့က အန်အယ်လ်ဒီသဘာပတိအဖွဲ့ဝင်  ဦး၀င်းထိန်ရဲ့ တရားရုံးထုတ်သတင်းသွားရင်း နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးရှေ့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုအောင်သူရကို စစ်ကြောရေးမှာ ရက်ပိုင်းဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ကိုသန်းထိုက်အောင်ကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုပြီး ဖမ်းဆီးထားတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုသန်းထိုက်အောင်ကို  ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပြီး ချုပ်ရက်နဲ့ လျှော့ရက် ခံစားခွင့်ရမယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up