အပယ်ခံ ရုရှားဘောလုံးအဖွဲ့ချုပ် အာရှတိုက်သို့ ကူးပြောင်းရန် စဉ်းစားနေ

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာနဲ့ဥရောပ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ထုတ်ပယ်ခံထားရတာကြောင့် အာရှဘောလုံးအဖွဲ့ချုပ်လက်အောက်ဆီ ကူးပြောင်းဖို့ စဉ်းစားနေပါတယ်။
ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှားဘောလုံးအသင်းတွေအားလုံးကို ကမ္ဘာ့ပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲတွေကနေ ထုတ်ပယ်ထားတာပါ။
ဒီအခြေအနေကြောင့် အားပေးထောက်ခံတဲ့ မဟာမိတ်နိုင်ငံတချို့ရှိတဲ့ အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ကို ကူးပြောင်းဖို့ ရုရှားဘက်က စဉ်းစားနေတာပါ။
အာရှဘောလုံးအဖွဲ့ချုပ်လက်အောက် ကူးပြောင်းမယ်ဆိုရင် လက်ခံမလားဆိုတာကတော့ မသိရှိရသေးပါဘူး။
အာရှဘောလုံးအဖွဲ့ချုပ်ဟာ သမုဒ္ဒရာပိုင်းဇုန်က သြစတြေးလျအသင်းကိုတော့ ၂၀၀၅ ခုနှစ်က အသင်းဝင်နိုင်ငံအနေနဲ့ လက်ခံခဲ့ဖူးပါတယ်။
အစ္စရေးနဲ့ ကာဇက်စတန် နိုင်ငံအသင်းတွေကတော့ အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ကနေ ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်ကို ကူးပြောင်းခဲ့ဖူးပါတယ်။
မန်ယူကစားသမားဟောင်းဖြစ်သူ ရုရှားလက်ရွေးစင်ဟောင်း ကန်ချက်စကီးကတော့ ရုရှားအသင်းကို အာရှဘောလုံးအဖွဲ့ချုပ်က လက်ခံမလားဆိုတာ မသိပေမယ့် ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ ကူးပြောင်းသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှားအသင်းဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အဖြစ် ပိုလန်နဲ့ ကစားရမှာဖြစ်ပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပွဲပယ်ပြစ်ဒဏ်ချခဲ့တာကြောင့် ကမ္ဘာ့ဖလားနဲ့လည်း လွဲချော်ခဲ့ပါတယ်။