close

ကိယက်ဗ်မြို့ပတ်လည်က ရုရှားတပ်အနည်းငယ်သာ နေရာရွှေ့

ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ပတ်လည်က သူ့တပ်အင်အားရဲ့ ၂၀ ရာခိုင်နှုန်းအောက် နည်းတဲ့ တပ်တွေကိုသာ စပြီး နေရာရွှေ့နေတာလို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က မတ် ၃၀ ရက်မှာ ပြောပါတယ်။

ဒါပေမဲ့ ရုရှားဟာ တပ်တွေကို ထိထိရောက်ရောက် အသုံးချဖို့ ပြန်လည်နေရာချထားရေးနဲ့ အင်အား ပြန်လည်ဖြည့်တင်းရေး အတွက်သာ မျှော်လင့်ထားပြီး တပ်တွေကို အိမ်ပြန်ခေါ်မှာ မဟုတ်ဘူးလို့လည်း ပင်တဂွန်က ပြောပါတယ်။

ရုရှားတပ်တချို့က သူတို့ရဲ့ မိခင်တပ်ရင်းကို မဟုတ်ဘဲ ဘဲလာရုစ်နိုင်ငံဆီကို ရွှေ့ပြီးကောင်း ရွှေ့ပြီးနေပြီလို့လည်း ပင်တဂွန်ပြောခွင့်ရ ဂျွန်ကာဘီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"တကယ်လို့ ရုရှားဟာ သူတို့ရဲ့ အခိုင်အမာ ပြောဆိုချက်အရ ပဋိပက္ခ အရှိန်လျှော့ဖို့ အရေးမှာ တကယ်အတည်တွေးတယ်ဆိုရင် သူတို့ဟာ တပ်တွေကို အိမ်ပြန်ပို့သင့်တယ်။ ဒါပေမဲ့ သူတို့ အဲလိုမလုပ်ဘူး။"

ရုရှားစစ်တပ်ဟာ ဆိုးရွားလှတဲ့ စစ်ဆင်ရေးအတွင်း အရှက်ရစရာ ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ဒါပေမယ့် အသရေ ပြန်ဆယ်မယ့် အောင်ပွဲကို ရဖို့ ပိုလွယ်မယ့် နည်းလမ်းအနေနဲ့ ယူကရိန်းနိုင်ငံထဲက စစ်ရေးပန်းတိုင်တွေကို တနည်းတဖုံ ပြောင်းနေတာလို့ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up