ယူကရိန်း၏ခုခံတွန်းလှန်မှု ရုရှားတပ်များကို ပြင်းထန်သည့်ထိုး နှက်မှုဖြစ်စေဟု ဇလန်းစကီးပြော

သမ္မတဇလန်းစကီးက ယူကရိန်းစစ်တပ်ရဲ့ ခုခံတွန်းလှန်မှုဟာ ရုရှားတပ်တွေကို ‘ပြင်းထန်တဲ့ထိုးနှက်မှု’ ဖြစ်စေတယ်လို့ ပြောပါတယ်။
သူက “ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကျနော်တို့ရဲ့ သူရဲကောင်းတပ်ဖွဲ့တွေက ရန်သူတပ်တွေကို အပြင်းအထန် ထိုးနှက်ခဲ့ပြီး အများအပြား ကျရှုံးစေခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးလည်း ဘယ်ရောက်မှန်းမသိဖြစ်နေတယ်” လို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂူ လူမြင်ကွင်းက ပျောက်ကွယ်နေတာကို ပြောတာပါ။ ပူတင်ရဲ့ လက်ရုန်းတဆူဖြစ်တဲ့ ရွှိုင်ဂူဟာ မတ် ၁၁ ရက်ကတည်း လူမြင်ကွင်းက ပျောက်သွားပြီး ထင်မြင်ချက်မျိုးစုံ ပြောနေကြတာပါ။
ဇလန်းစကီးက “ကျနော်တို့ရဲ့ကာကွယ်မှုက ရုရှားခေါင်းဆောင်ပိုင်းကို ရိုးရှင်းပြီး ကြောင်းကျိုး ဆီလျော်တဲ့ အရာတခုဖြစ်အောင် ဦးဆောင်နေပါတယ်။ အဲဒါက ကျနော်တို့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲကို မှန်ကန်စွာ ချက်ချင်း လုပ်ဆောင်ရမယ်” ဆိုတာပါလို့ ပြောပါတယ်။