close

ယူကရိန်းစစ်ဘေးရှောင်များကို လှူဒါန်းရန် ဒိုင်နမိုကိယက်ဗ်အသင်း ခြေစမ်းပွဲများကစားမည်

ယူကရိန်းထိပ်သီးကလပ် ဒိုင်နမိုကိယက်ဗ်အသင်းဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ အတွက် ဥရောပထိပ်သီးကလပ်တွေနဲ့ ရန်ပုံငွေခြေစမ်းပွဲတွေ ကစားတော့မှာပါ။ 

ရုရှားနဲ့ စစ်ပွဲဖြစ်နေတဲ့အတွက် ယူကရိန်းဘောလုံးလိဂ်ပြိုင်ပွဲကို ရပ်နားထားရပါတယ်။ 

ဒိုနမိုကိယက်ဗ်အသင်းကတော့ လာမယ့် ဧပြီနဲ့ ဇွန်လအတွင်းမှာ ဥရောပထိပ်တန်းကလပ်တွေနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲခရီးစဉ်တွေကစားပြီး ရန်ပုံငွေ ရှာဖွေသွားမှာပါ။ 

ခြေစမ်းခရီးစဉ်အတွင်းမှာ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတွေနဲ့ ကစားဖို့ရှိသလို ဒေါ့မွန်၊ အေစီမီလန်၊ စပို့တင်းလစ္စဘွန်း၊ ဘင်ဖီကာ၊ အေဂျက်ဇ် အစရှိတဲ့ အသင်းတွေနဲ့လည်း ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားပါတယ်။ 

အဲဒီခြေစမ်းပွဲစဉ်တွေကို “ငြိမ်းချမ်းရေးပွဲစဉ်၊ စစ်ပွဲရပ်စို့” ဆိုတဲ့ဆောင်ပုဒ် အောက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ယူကရိန်းပြည်သူတွေကို အားပေး  ကူညီမှုတွေ လုပ်ဆောင်ဖို့ဖြစ်တယ်လို့ ဒိုင်နမိုကိယက်ဗ် အသင်းက သတင်းထုတ်ပြန်ပါတယ်။ 

ခြေစမ်းပွဲစဉ်တွေကို ယူကရိန်းရုပ်သံတွေနဲ့ ဥရောပနိုင်ငံတွေက ရုပ်သံအသီးသီးကနေ တိုက်ရိုက်ပြသမှာဖြစ်ပြီး ယူကရိန်း အနုပညာရှင်တွေကလည်း ပါဝင်အားဖြည့်သွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up