close

မန်ယူအသင်း၏ အဆင့်အတန်း လက်ရှိထက် ပိုမြင့်မားသင့်တယ်ဟု ဖာနန်ဒက်စ်ပြော

မန်ယူနိုက်တက်အသင်းရဲ့ အဆင့်အတန်းက လက်ရှိအချိန်ကာလထက်ပိုပြီး မြင့်မားသင့်တယ်လို့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။ 

ယူနိုက်တက် လက်စတာကို ၁ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်ပြီးနောက် ယူနိုက်တက် တီဗွီအစီအစဉ်နဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းရဲ့ရလဒ်ပိုင်းနဲ့ ပတ်သက်လို့ အသင်းသားတိုင်းကစိတ်ပျက်နေကြပြီး အသင်းရဲ့ အဆင့်အတန်းက လက်ရှိအခြေအနေထက်ပိုပြီး မြင့်မားသင့်တယ်ဆိုတာကိုလည်း အားလုံး နားလည်လက်ခံထားကြတယ်လို့ ဖာနန်ဒက်စ်ကပြောပါတယ်။

“ပြီးခဲ့တဲ့ပွဲတွေကို ပြန်တွေးနေမယ့်အစား လာမယ့်ပွဲစဉ်တွေကိုပဲ အာရုံစိုက်သွားရပါမယ်။ ပွဲတိုင်းကို အနိုင်ကစားသွားရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ ဒီအသင်းရဲ့အဆင့်အတန်းက အခုထက်ပိုမြင့်တဲ့၊ ပိုကောင်းတဲ့နေရာမှာရှိသင့်တယ်ဆိုတာ အားလုံးက သိရှိနားလည်ထားကြပါတယ်။ ပြီးတော့ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ရရှိဖို့ စွမ်းဆောင်နိုင်တယ်ဆိုတာကိုလည်း ကျနော်တို့သိပါတယ်” လို့ ဖာနန်ဒက်စ်က ပြောပါတယ်။

မန်ယူအသင်းဟာ ပွဲစဉ် ၃၀ အပြီးမှာ အဆင့် ၇ နေရာမှာရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ခက်ခဲသွားပြီဖြစ်သလို ယူရိုပါလိဂ်ဝင်ခွင့်အတွက်လည်း အကြိတ်အနယ်ယှဉ် ပြိုင်သွားရဖို့ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up