မန်ယူအသင်း ချန်ပီယံလိဂ်ဆုဖလားရယူနိုင်မည်ဟု ယုံကြည်ထားကြောင်း လုခ်ရှော ပြော

မန်ယူနိုက်တက်အသင်းသားတွေဟာ အခုနှစ် ဥရောပချန်ပီယံလိဂ်ဆုဖလားရယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြတယ်လို့ နောက်ခံလူ လုခ်ရှောက ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီ ပြည်တွင်းလိဂ်မှာ ရလဒ်သိပ်မကောင်းတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနေရတာပါ။
ဒါပေမယ့်လည်း နောက်ခံလူ လုခ်ရှောကတော့ သူ့ရဲ့မှတ်ချက်စကားက လူတွေအတွက် ဝေဖန်ေရာဖြစ်နိုင်ပေမယ့် အသင်းသားတွေအားလုံးကတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်မယ်လို့ ယုံကြညထားကြောင်း ပြောပါတယ်။
“အသင်းတသင်းအနေနဲ့ ကျနော်တို့ဟာ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်တယ်လို့ ယုံကြည်ထားကြတယ်။ လူတွေကတော့ ဒီလိုထင်မှာမဟုတ်ဘဲ တချို့ဆိုရင် ကျနော်ပြောတာကို မိုက်မဲတယ်လို့ ဝေဖန်ကြလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ဟာ ချန်ပီယံလိဂ် ဆုဖလားရယူနိုင် တယ်ဆိုတဲ့ ယုံကြည်ချက်ရှိကြတယ်” လို့ လုခ်ရှောက ပြောပါတယ်။
မန်ယူ အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ လာမယ့်ဖေဖော်ဝါရီ ၂၄ ရက် ပထမအကျော့အနေနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။