close

အမေဇုန်ကုမ္ပဏီ အွန်လိုင်းလက်လီ အလုပ်သမားများသမဂ္ဂ ဖွဲ့စည်းမှု သမ္မတဂျိုးဘိုင်ဒင် ချီးကျူး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အလုပ်သမားပွဲတခုကို သွားရောက်ခဲ့ပြီး အလုပ်သမား သမဂ္ဂတွေနဲ့ အွန်လိုင်း လက်လီရောင်းချတဲ့ အမေဇုန်ကုမ္ပဏီတို့ကို ချီးကျူးစကား ပြောခဲ့ပါတယ်။

“ကျနော့်အမြင်မှာ သမဂ္ဂတွေဟာ ဒီနိုင်ငံမှာ အလုပ်သမားတွေ ထူးထူးခြားခြား စွမ်းဆောင်နိုင်အောင်နဲ့ ဂုဏ်သိက္ခာရှိအောင် ကူညီပေးနေတယ်။ ဒါကြောင့်ပဲ အလုပ်သမားအဖွဲ့တွေအနေနဲ့ လုပ်သားစွမ်းရည်ကို အကူအညီပေးဖို့ အိမ်ဖြူတော် လုပ်ငန်းစုအဖွဲ့သစ် (new task force) ကို ဖွဲ့စည်းထားတာပါ။ ဒီအဖွဲ့က သမဂ္ဂတွေနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို အကူအညီပေးသွားမယ်၊ အမေဇုန်ကုမ္ပဏီရဲ့ ထူးခြားတဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ယူပါတယ်။ ဒါကြောင့် ကျနော်တို့ လာခဲ့တာပါ” လို့ မြောက်အမေရိက ကုန်သွယ်ရေးသမဂ္ဂ (NABTU) ရဲ့ ညီလာခံမှာ မိန့်ခွန်းပြောခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက နယူးယောက်မြို့ သိုလှောင်ရုံတခုမှာ အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး အမေဇုန်ကုမ္ပဏီရဲ့ လုပ်သားတွေက အွန်လိုင်းဝန်ဆောင်မှု အလုပ်သမားများသမဂ္ဂ ပထဆုံး စတင်ဖွဲ့စည်းခဲ့တာပါ။

ဂျိုးဘိုင်ဒင်က အမေဇုန်လုပ်သားတွေရဲ့ စွမ်းဆောင်မှုကို ဂုဏ်ပြုရင်း လုပ်ငန်းသစ်တွေ ပိုမိုဖန်တီးဖို့ ကူညီပေးသွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up