close

ရုရှားစွမ်းအင်ကို အိန္ဒိယထပ်မဝယ်ယူရန် ဂျိုးဘိုင်ဒင်က မိုဒီကို ဖိအားပေး

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့ ဧပြီ ၁၁ ရက်နေ့က  ဗွီဒီယိုကတဆင့် ယူကရိန်းအရေး အဓိကအကြောင်းပြုပြီး ဆွေးနွေးခဲ့ပါတယ်။ 

မိုဒီက ရုရှားသမ္မတပူတင်ကို ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တိုက်ရိုက်စကားပြောဖို့ အကြံပေးခဲ့တယ်လို့ ဘိုင်ဒင်ကို ပြောပါတယ်။ 

အမေရိကန်အစိုးရက ယူကရိန်းကို စစ်ရေးကျူးကျော်တဲ့ ရုရှားကို စီးပွားရေးပိတ်ဆို့မှု ပိုမိုလုပ်ဆောင်ဖို့ အိန္ဒိယကိုလည်း တိုက်တွန်းဖိအားပေးတာပါ။ 

ပြီးခဲ့တဲ့အပတ်တွေမှာ အိန္ဒိယက ရုရှားရဲ့သဘာဝဓာတ်ငွေ့ ပိုမိုဝယ်ယူဖို့ စီစဉ်ခဲ့တာပါ။

ဆွေးနွေးမှုမှာတော့ ဘိုင်ဒင်ရော မိုဒီကပါ  အရပ်သားအများအပြား သတ်ဖြတ်ခံရတဲ့ ဘူချာမြို့နဲ့ ယူကရိန်း အခြားမြို့ကြီးတွေရဲ့  အပျက်အစီးတွေဟာ စိုးရိမ်ဖွယ်ကောင်းကြောင်း ပြောဆိုပါတယ်။ 

မိုဒီက “ကျနော်တို့ သတ်ဖြတ်မှုတွေကို ချက်ချင်း ရှုတ်ချပြီး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တောင်းဆိုခဲ့တယ်” လို့ ပြောပါတယ်။ ဘိုင်ဒင်ကတော့ အိန္ဒိယမှာ ရုရှားစွမ်းအင်တင်ပို့မှု တိုးလာတာ မမြင်ချင်ဘူးလို့ မိုဒီကို ပြောလိုက်ပါတယ်။

အလားတူ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်နဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ် ဆင်းတို့ ဧပြီ ၁၁ ရက်က အမေရိကန်နိုင်ငံ ပင်တဂွန် စစ်ဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ တရုတ်နဲ့ ရုရှာအရေးက လွှမ်းမိုးနေလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ 

ဒီဆွေးနွေးပွဲဟာ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ အခိုင်အမာရပ်တည်မှုကို ဆန့်ကျင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

အမေရိကန်နှင့်အိန္ဒိယ ကာကွယ်ရေးဝန်ကြီးနှစ်ဦး အိန္ဒိယမြို့တော် နယူးဒေလီမှာ တွေ့ဆုံဆွေးနွေးအပြီး ၁ လနီးပါးအကြာမှာ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်မှာ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up