နယူးယော့ခ်မြေအောက်ဘူတာရုံတွင် ပစ်ခတ်မှုဖြစ်ပွား၊ ၁၃ ဦး အပြင်းအထန် ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့၊ Brooklyn's Sunset Park ရပ်ကွက်ရှိ အမှတ် ၃၆ မြေအောက်မီးရထားဘူးတာရုံမှာ ဧပြီ ၁၂ က လူအများအပြား သေနတ်ပစ်ခတ်ခံရပြီး ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အကြမ်းဖက်ပစ်ခတ်သူကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒေသရဲတွေနဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး အဝါရောင်ကြိုးတွေ ပတ်ပတ်လည် တားထားပေမဲ့ တိုးဝှေ့ကြည့်ရှုတဲ့လူအုပ်က အလွန်များပြားခဲ့တာပါ။
အစောပိုင်း မီးသတ်ဌာနက ဘူတာရုံမှာ မပေါက်ကွဲသေးတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ့တယ်လို့ ပြောခဲ့ပြီး၊ ရဲတွေက မဟုတ်ပါဘူးလို့ အတည်ပြုပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း နယူးယော့ခ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်ခဲ့ပြီး အများစုက လူအသွားအလာများရှုပ်ထွေးတဲ့ မြေအောက်ဘူတာတွေမှာ ဖြစ်ပွားတာပါ။
မကြာခင်ကမှ ကိုဗစ်-၁၉ ကူးစက်ရောဂါလက္ခဏာ တွေ့ရှိခဲ့တဲ့ မြို့တော်တော်ဝန် အီးရစ် အဒမ်စ် က အခင်းဖြစ်ပွားရာ ရောက်ရှိလာပြီး ဖြစ်ရပ်ကို အကျဉ်းချုုံး တင်ပြခဲ့ပါတယ်။