close

နည်းပြ တန်ဟတ်ချ်ကို ခန့်အပ်ရန် မန်ယူအသင်း သဘောတူညီမှုရခဲ့ပြီး ၄ နှစ်စာချုပ်မည်

မန်ယူအသင်းဟာ အိုင်းယက်စ်နည်းပြ တန်ဟတ်ချ်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

အစောပိုင်းကတည်းက နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားတာဖြစ်ပြီး ဧပြီ ၁၂ ရက်နေ့မှာ ယူနိုက်တက်အသင်းဘက်က စာရေးသားပြီး တရားဝင် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

နည်းပြတန်ဟတ်ချ်အနေနဲ့ တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီကို နည်းပြအဖွဲ့ဝင်အနေနဲ့ တပါတည်း တာဝန်ပေးအပ်ချင်ပေမယ့် အလုပ်လုပ်ခွင့်ကိစ္စအပြင် ဖီယင်နုနဲ့ စာချုပ်ရှိနေသေးတာက အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

ဒီအခြေအနေကြောင့် စတိဗ် မက္ကလာရင်နဲ့ မစ်ချယ်ဗန်ဒါဂတ်တို့ကို လက်ထောက်နည်းပြတွေ အနေနဲ့ ခေါ်ဆောင်လာဖို့ ရှိပါတယ်။

လတ်တလောမှာတော့ နည်းပြတန်ဟတ်ချ်ဟာ အိုင်ယက်စ်အသင်းနဲ့ ရာသီပြီးဆုံးချိန်အထိ ဆက်လက်တာဝန်ယူသွားမှာဖြစ်ပြီး ရာသီကုန်ဆုံးပြီးတဲ့နောက်မှ အပြီးသတ် စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

အသက် ၅၂ နှစ်ရှိ ဟော်လန်နည်းပြ တန်ဟတ်ချ်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဘိုင်ယန်မြူးနစ် အရန်အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်ကနေ လက်ရှိအချိန်အထိ အိုင်းယက်စ်ကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up