close

ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မတိုင်ခင် ပြင်သစ်နှင့်ခြေစမ်းရန် ယူကရိန်းအသင်းကြိုးပမ်း

ယူကရိန်းအသင်းဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မတိုင်ခင်မှာ ပြင်သစ်အသင်းနဲ့ ခြေစမ်း ကစားဖို့ ကြိုးပမ်းနေပါတယ်။ 

ရုရှားနိုင်ငံက ကျူးကျော်စစ်ဆင်နွဲွှခဲ့တာကြောင့် ယူကရိန်းအသင်းရဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရ တာပါ။ 

လက်ရှိအချိန်မှာတော့ စကော့တလန်နဲ့ ကစားရမယ့် ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လာမယ့်ဇွန်လ ၁ ရက်မှာကျင်းပဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ပေးခဲ့ပါတယ်။ 

ယူကရိန်းအသင်းဟာ လေ့ကျင့်မှုတွေပြုလုပ်နိုင်မယ့် နိုင်ငံကို ဆွေးနွေးအဖြေရှာနေပြီး ခြေစမ်းပွဲတွေလည်း ကစားဖို့ စီစဉ်နေပါတယ်။ 

“ကျနော်တို့အသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို ကစားသင့်ရတာထက်ပိုပြီး ခြေစစ်ပွဲအောင်မြင်ဖို့အထိ အမှန်တကယ်ယုံကြည်ထားပါတယ်။ အဲဒီအတွက် လေ့ကျင့် ပြင်ဆင်မှုကောင်းကောင်းလုပ်ဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ လေ့ကျင့်မှုပြုလုပ်နိုင်ဖို့ နိုင်ငံတချို့နဲ့ ဆွေးနွေးနေပြီး ပြင်သစ်၊ မြောက်မက်ဆီဒိုးနီးယားအသင်းတွေနဲ့ ခြေစမ်းဖို့လည်း ဆွေးနွေးနေပါတယ်” လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ပရိုတာဆော့ဗ်က ပြောပါတယ်။

ယူကရိန်းအသင်းအနေနဲ့ စကော့တလန်ကို အနိုင်ရမယ်ဆိုရင် ဝေးလ်အသင်းနဲ့ ဗိုလ်လုပွဲကစားပြီး အနိုင်ရတဲ့အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up