ယူကရိန်းအကျပ်အတည်းအတွက် ပြင်သစ်နှင့်ရုရှား သမ္မတ ၂ ဦးဆွေးနွေး

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ဖေဖော်ဝါရီ ၇ ရက်က မော်စကိုမြို့ကိုသွားရောက်ပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားတပ်အများအပြား စတင်ချထားကတည်းက မက်ခရွန်ဟာ မော်စကိုကို ပထမဆုံး ရောက်ရှိလာတဲ့ အနောက်နိုင်ငံခေါင်းဆောင်ပါ။
သမ္မတပူတင်က အခုဖြစ်နေတဲ့ ဥရောပလုံခြုံရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့ ပြင်သစ်တို့မှာ တူညီတဲ့စိုးရိမ်မှုတွေရှိကြောင်း၊ ပြဿနာကို အခြေခံကျကျ ဖြေရှင်းဖို့ ပြင်သစ်ရဲ့ ပါဝင်ကြိုးပမ်းမှုကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
မက်ခရွန်က စစ်ပွဲကိုရှောင်ရှားပြီး ယုံကြည်မှု၊ တည်ငြိမ်မှု၊ မြင်သာထင်သာရှိမှုတို့ကို တည်ဆောက်နိုင်မယ့် လမ်းကြောင်းကို ကြိုးစားရှာဖွေနေကြောင်း ပူတင်ကို ပြောပါတယ်။
လာမယ့်ဧပြီလမှာ သမ္မတပြန်လည်အရွေးခံဖို့ ကြိုးစားနေတဲ့ မက်ခရွန်က ရုရှားရဲ့တိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်ဆိုတဲ့ အမေရိကန်၊ ဗြတိန်နဲ့ အနောက်နိုင်ငံတွေရဲ့ ခန့်မှန်းချက်တွေအပေါ် သံသယထားပြီး နှစ်ဖက်ကြား ဝင်ရောက်ညှိနှိုင်းသူအဖြစ် သူ့ကိုယ်သူ ရပ်တည်နေတာပါ။
မော်စကိုကို ရောက်ရှိစဉ် မက်ခရွန်က သတင်းထောက်တွေကို ကျိုးကြောင်းဆီလျော်တဲ့ အကောင်းမြင်မှု ရှိတယ်လို့ သူခံစားရကြောင်း၊ ဒါပေမဲ့ ချက်ချင်းလက်ငင်း ပဉ္စလက်ဆန်တဲ့ အလှည့်အပြောင်းမျိုး ဖြစ်လာမယ်တော့ မထင်ကြောင်း ပြောကြားခဲ့ပါတယ်။