ရုရှားလုပ်ငန်းရှင်များ၏ ယူရို သန်း ၈၀၀ နီးပါး ပိုင်ဆိုင်မှုများကို ပြင်သစ်ပိတ်ပင်

ပြင်သစ်နိုင်ငံက ရုရှား လက်ဝါးကြီးအုပ် လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ယူရိုသန်း ၈၀၀ (ဒေါ်လာသန်း ၇၉၀) နီးပါး တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို ပိတ်ပစ်လိုက်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ကြေညာပါတယ်။
ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးကလည်း မတ် ၂၁ ရက်နေ့က ပြင်သစ်နိုင်ငံတွင်းရှိ ရုရှားနိုင်ငံသားတွေရဲ့ ဘဏ့်အကောင့်မှ ယူရိုသန်း ၁၅၀ နဲ့ အိမ်ခြံမြေလုပ်ငန်းမှ ယူရို ၅၃၉ သန်းကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ နောက် ယူရိုသန်း ၁၅၀ နီးပါး တန်ကြေးရှိတဲ့ ရုရှားရွက်လှေ ၂ စီးကိုလည်း သိမ်းပိုက်လိုက်ပါတယ်။
ပြင်သစ်အစိုးရ ပြောရေးဆိုခွင်ရှိသူ ဂေဘရီယယ်လ် အက်တဲလ်က “စစ်ပွဲရပ်ဖို့ ဘဏ္ဍာရေး အရေးယူမှုတွေ အစွမ်းကုန်လုပ်သွားမယ်၊ စစ်ပွဲရပ်ဖို့က ကျနော်တို့ရဲ့ပန်းတိုင်ပဲ” လို့ ပြောပါတယ်။