close

နယူးယောက်မြေအောက်ရထားတွဲ၌ ပစ်ခတ်ခဲ့သူ အမျိုးသားကို ဖမ်းဆီး

အမေရိကန်နိုင်ငံ နယူးယောက်မြို့က မြေအောက်ရထားတွဲထဲမှာ ခရီးသည်တွေကို မီးခိုးဗုံးတွေနဲ့ ပစ်ပြီး ခရီးသည် ၁၀ ယောက်ကို သေနတ်နဲ့ ပစ်ခဲ့တယ်လို့ သံသယရှိတဲ့ အမျိုးသားကို အာဏာပိုင်တွေက ဧပြီ ၁၃ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

နယူးယောက်မြို့တော် ရဲတွေက သံသယရှိသူ ဖရန့် ဂျိမ်းစ်ကို မန်ဟန်တန် အရပ်က အိစ်ဗေးလေ့ချ် ရပ်ကွက်ထဲမှာ စောင့်နေတဲ့ ကားထဲ ခေါ်သွားခဲ့ပါတယ်။

သူ့ကို နာရီ ၃၀ ကြာ လိုက်ရှာအပြီး ဒေသခံတွေရဲ့ သတင်းပေးချက်ကြောင့် ဖမ်းမိခဲ့တာလို့ ရဲက ပြောပါတယ်။

သူဟာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအပေါ် တိုက်ခိုက်မှုကို ဟန့်တားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ပြည်ထောင်စု ပြစ်ဒဏ်ကို ရင်ဆိုင်နေရပါတယ်။

ဖီလာဒယ်ဖီးယားနဲ့ မီဝေါလ်ခီးပြည်နယ်တွေမှာ လိပ်စာရှိတဲ့ ဂျိမ်းစ်ဟာ ၃၆ လမ်း ဘူတာက အခင်းဖြစ်ရာနေရာမှာ ငှားထားတဲ့ ဗန်ကားအတွက် ကားသော့ကို ဘရွတ်ကလင်းရပ်ကွက် ဆည်းဆာ ပန်းခြံထဲမှာ ထားခဲ့တယ်လို့ နယူးယောက် ရဲဌာနက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up