နိုင်ဂျီးရီးယားတွင် ခရီးသည်တင်လှေတစီး နစ်မြုပ်၊ ၂၉ ဦးထက်မနည်း သေဆုံး

3
နိုင်ဂျီးရီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ စိုခိုတိုပြည်နယ်က ရှာဂါရီမြစ်ထဲမှာ ခရီးသည် ၃၅ ယောက် တင်ဆောင်လာတဲ့ လှေတစီး ဧပြီ ၁၃ ရက်က နစ်မြုပ်ခဲ့ပြီး လူ ၂၉ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။
လှေနစ်မြုပ်ပြီးနောက် ရေငုပ်သမားတွေက လူ ၆ ယောက်ကို ကယ်နိုင်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လောလောဆယ် လှေနစ်မြုပ်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ သေဆုံးခဲ့တဲ့ အလောင်းတွေ ဆယ်ယူနေပြီး မွတ်စလင် ဓလေ့ထုံးတမ်းနဲ့အညီ မြေမမြှုပ်ခင် ဝတ်ပြုဆုတောင်းပေးကြပါတယ်။
လှေပေါ်မှာ အမျိုးသမီး အများစုပါပြီး ရှာဂါရီ ဒေသန္တရအစိုးရ နယ်မြေအတွင်း ဆည်တခုကို ဖြတ်ကူးနေချိန်မှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။