ပြင်သစ်သမ္မတ၏ နျူစွမ်းအင်အစီအစဉ်ကို ရာသီဥတုအရေးတက်ကြွသူများ ဆန္ဒပြ

ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေဟာ နျူကလီးယား စွမ်းအင်အပေါ် ဝေဖန်ပြစ်တင်ရင်း လေဟာဗာမြို့မှာ ဧပြီ ၁၄ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကတော့ အဲဒီနေ့မှာ ဒေသတွင်းက လေအားလျှပ်စစ် စက်ရုံဆီ သွားရောက်လည်ပတ်ခဲ့တာပါ။
လေဟာဗာမြို့အတွက် ဂေဟစနစ်လို့ နာမည်ပေးထားတဲ့ အုပ်စုက လူငါးယောက်ဟာ အိုးတွေကို တီးရင်း နျူကလီးယားစွမ်းအင်ရဲ့ အန္တရာယ်နဲ့ ပတ်သက်တဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပါတယ်။
မက်ခရွန်ရဲ့ ရာသီဥတု အစီအစဉ်ဟာ နျူကလီးယား စွမ်းအင်ပေါ် အားကိုးနေတုန်းပဲလို့ တက်ကြွလှုပ်ရှားသူ ဆိုဖီက ပြောပါတယ်။
ပြင်သစ်အစိုးရက နိုင်ငံစုံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီ EDF ဟာ ဓာတ်ပေါင်းဖို ၆ခု ထက်မနည်းကို တည်ဆောက်လည်ပတ်ပြီး နျူကလီးယား ဓာတ်အားပေး စက်ရုံဟောင်းတွေရဲ့ သက်တမ်းကိုလည်း နှစ် ၅၀ကျော်တဲ့အထိ သက်တမ်းတိုးဖို့ မျှော်လင့်ထားတယ်လို့ မက်ခရွန်က ဖေဖော်ဝါရီလတုန်းက ပြောခဲ့ပါတယ်။