မန်ယူနောက်ခံလူ မက်ဂွိုင်းယား၏နေအိမ်ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရ

မန်ယူနောက်ခံလူ မက်ဂွိုင်ယားဟာ သူ့ရဲ့နေအိမ်ကို ဗုံးခွဲမယ်လို့ အီးမေးလ်ကနေတဆင့် ခြိမ်း ခြောက်ခံခဲ့ရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်က မန်ယူအသင်းက လီဗာပူးအသင်းကို ၄ ဂိုး ဂိုး မရှိ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်မှာ မန်ယူနောက်ခံလူ မက်ဂွိုင်းယားအပေါ် ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး နေအိမ်ကို ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်ခြောက်ခံခဲ့ရတာပါ။
မက်ဂွိုင်းယားဟာ အဲဒီခြိမ်းခြောက်စာရရှိခဲ့ပြီးနောက် မန်ချက်စတာရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့က ဗုံးအနံ့ခံ ခွေးတွေနဲ့ နေအိမ်ပတ်ဝန်းကျင်ကို ရှာဖွေခဲ့တယ်လို့ သိရပါတယ်။
ဗုံးရှာဖွေတွေ့ရှိတာမရှိသေးပေမယ့် မိသားစုနဲ့ နေအိမ်ကို ရန်ရှာမယ့်အရေး မက်ဂွိုင်းယားတစ်ယောက် စိုးရိမ်မှုရှိနေတယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။
မက်ဂွိုင်းယားနဲ့ နီးစပ်သူတဦးကတော့ မိသားစုရဲ့ ဘေးကင်းလုံခြုံရေးက ပထမဦးစားပေးဖြစ်ပြီး မက်ဂွိုင်းယားဟာ အာဆင်နယ်နဲ့ ကစားရမယ့်ပွဲစဉ်အတွက် ပုံမှန်အတိုင်း လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အင်္ဂလန်နဲ့ မန်ယူနောက်ခံလူ မက်ဂွိုင်းယားဟာ ဇနီးဖြစ်သူ ဟော့ကင်းစ် နဲ့ အတူ သမီး ၂ ဦးရှိပြီး နေအိမ်လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။