မက္ကဆီကိုတွင် အပူချိန် စံချိန်တင်မြင့်တက်

မက္ကဆီကိုနိုင်ငံရဲ့ ပြည်နယ်အတော်များများမှာ ဧပြီ ၂၀ ရက်က သမိုင်းတလျှောက် စံချိန်ကျိုး အောင် ပူတဲ့ဒဏ်ကို ခံစားနေရပါတယ်။
မက္ကဆီကိုစီးတီးမြို့မှာ အပူအချိန်က မြင့်တက်ခဲ့လို့ ကမ္ဘာကြီး ပူနွေးမှုရဲ့ အကျိုးဆက်ပဲလို့ ရာသီဥတု ပြောင်းလဲမှုနဲ့ လေထုသိပ္ပံတက္ကသိုလ်က သုတေသီ အလေဂျန်ဒရိုဂျာရာမီလိုက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေထဲမှာ လူ့ပယောဂတွေ ပါနေလို့ တကမ္ဘာလုံးမှာ အပူချိန် နှစ်စဉ်တိုးနေခဲ့တဲ့အတွက် ကမ္ဘာကြီး ပူနွေးမှုကို လူတွေပိုသတိထားမိလာနေပြီလို့လည်း သူက ပြောပါတယ်။
နိုင်ငံတောင်ပိုင်းက အောက်ကာဆာနဲ့ ယူကာတန် ပြည်နယ်တွေမှာ အပူချိန်က ပုံမှန်နှုံးထက် ပိုမြင့်နေလို့ အပူဒဏ်အောက်မှာ နေ့စဉ် လူနေမှုဘဝအပေါ် သက်ရောက်နေပါတယ်။
နွေရာသီအစပိုင်းမှာ စံချိန်ကျိုးအောင် ပူတဲ့ဒဏ်ကို ကိုယ်တွေ့ ခံစားနေရတဲ့ မက္ကစီကိုမှာ နွေဦးရာသီ တိုတောင်းလာနေလို့ ရာသီဥတုဖောက်ပြန်မှုရဲ့ သက်ရောက်မှုကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ သိသိသာသာ ကြောက်ရွံ့ လာနေတာပါ။
အနာဂတ်မှာ နိုင်ငံအတော်များများမှာ လူသေတဲ့အထိ အပူလှိုင်းဖြတ်တာမျိုးတွေက ပုံပြီး ပုံမှန် ဖြစ်လာမယ့်အလားအလာ ရှိနေတာပါ။
ကမ္ဘာကြီးပူနွေးလာမှုကို မထိန်းထားနိုင်ရင် သေစေလောက်တဲ့ အပူဖိစီးမှုတွေ သုံးဆနီးပါး တိုးလာနိုင်လို့ သုတေသီတွေ ကြောက်လန့်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။