ဝါရှင်တန်ရှိ အထက်တန်းကျောင်းအနီး ပစ်ခတ်မှုဖြစ်၊ ၂ ဦး စိုးရိမ်ရ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ဧပြီ ၂၂ ရက်က အထက်တန်းကျောင်းအနီး သေနတ်ပစ်မှုဖြစ်ခဲ့ပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ စိုးရိမ်ရတဲ့ ဒဏ်ရာရ သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကလေးတယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာသွားပြီး ဒဏ်ရာရသူတွေကို အနီးနားက ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
သေနတ်ပစ်မှုဖြစ်ရတဲ့ အကြောင်းရင်းကတော့ သေချာ မသိရသေးရသေးဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှု ဖြစ်ပြီးနောက် ရဲအဖွဲ့က အနီးနားမှာ ရှာဖွေ စစ်ဆေးခဲ့ပေမယ့် သံသယဖြစ်သူ တယောက်မှ ရှာမတွေ့ခဲ့ပါဘူး။
အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးတဲ့ လူတချို့ကို ရဲက ခဏ ထိန်းသိမ်းမေးမြန်းခဲ့ပေမယ့် သေနတ်သမားလို့ ယူဆရတဲ့ တယောက်ကိုမှ မတွေ့ခဲ့ရဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။