အမေရိကန်ရှိကုန်တိုက်တခု၌ ပစ်ခတ်မှုဖြစ်၊ ၁၀ ဦး ဒဏ်ရာရ

အမေရိကန် ပြည်ထောင်စု တောင်ကာရိုလိုင်းနား ပြည်နယ်က ဈေးဝယ် ကုန်တိုက်တခုအတွင်း ဧပြီ ၁၆ ရက်နေ့က ပစ်ခတ်မှုတခုဖြစ်ခဲ့ပြီး လူ ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
ကိုလီဘီယာ ရဲတပ်ဖွဲ့ အကြီးအကဲ ဝီလျံဟိုဘရွတ်က ပစ်ခတ်မှုဟာ ခိုက်ရန် ဖြစ်ပွာရာကနေ စတင်ခဲ့ပုံရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပစ်ခတ်မှု ဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကိုတော့ မသိရသေးပါဘူး။
ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ဈေးဝယ်ကုန်တိုက်မှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတာကို ဒေသအခြေစိုက် မီဒီယာတွေမှာ ဖော်ပြပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့ ကိုလံဘီယာနာ စင်တာဟာ ပြည်နယ်ရဲ့မြို့တော် ဖြစ်တဲ့ ကိုလံဘီယာမြို့လယ်ကနေ ၁၀ မိုင်လောက် အကွာမှာ ဖွင့်ထားတာပါ။
ဒေသစံတော်ချိန်ညနေ ၂ နာရီမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသူတော့ မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အသက် ၁၅ နှစ်အရွယ်ကနေ ၇၃ နှစ်အရွယ်ကြား ပါဝင်ပြီး သေနတ်ထိတဲ့ ၁၀ ယောက်ကို ဆေးရုံပို့လိုက်ရပြီး ၂ ယောက်က အခြေအနေ စိုးရိမ်ရကာ ၆ ယောက်ကတော့ မစိုးရိမ်ရဘူးဘူးလို့ ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်တဲ့ နေရာမှာ သေနတ်ကိုင်ထားတဲ့ ၃ ယောက်ကို တွေ့ခဲ့ရပြီး သူတို့ကို ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။