လုပ်ကြံသတင်းကြောင့် ကိုလံဘီယာသမ္မတလောင်း၏ စည်းရုံးရေးခရီးစဉ် ဖျက်သိမ်း

ကိုလံဘီယာနိုင်ငံမှာ လက်ဝဲယိမ်း သမ္မတလောင်း ဂူစတာဗို ပက်ထရိုက သူ့ကို ရာဇဝတ်ဂိုဏ်း တဂိုဏ်းက လုပ်ကြံသတ်ဖြတ်မယ့် သတင်းကို ရရှိလို့ဆိုပြီး စည်းရုံးရေးခရီးစဉ်ကို မေ ၂ ရက်က ဖျက်သိမ်းလိုက်ပါတယ်။
ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ဒီဂို မိုလာဒိုကတော့ ကာကွယ်ရေးရုံးရော၊ နိုင်ငံရဲ့ ရဲတပ်ဖွဲ့ကပါ ဒီလိုမျိုး လျှို့ဝှက် လုပ်ကြံသတ်ဖြတ်မယ့် သတင်းရရှိထားတာမရှိတဲ့အတွက် အတည်မပြုနိုင်ဘူး လို့ ပြောပါတယ်။
တော်လှန်ရေးသမားတယောက်ဖြစ်ခဲ့သလို၊ ဘိုဂိုတာ မြို့တော်ဝန် သမ္မတလောင်း ပက်ထရိုဟာ ကော်ဖီ ထွက်တဲ့ လာကော်ဒေလီရာဒေသကို မေ ၃ ရက်နဲ့ ၄ ရက်မှာ စည်းရုံးရေး ခရီးထွက်ဖို့ နဂိုက စီစဉ်ထားတာပါ။
ကိုလံဘီယာ ရွေးကောက်ပွဲကိုတော့ မေ ၂၉ ရက်မှာ ကျင်းပဖို့ရှိပြီး အကြိုစစ်တမ်းတွေမှာတော့ Historic Pact ပါတီ (ကိုလံဘီယာ ညွန့်ပေါင်းပါတီ)က ပက်ထရိုက ဦးဆောင်နေပြီး သူ့နောက်မှာ ဗဟိုလက်ယာ သမ္မတ ဖာဒီရီကို ဂူတာရတ်က ဒုတိယ လိုက်နေပါတယ်။
လက်ဝဲယိမ်း သမ္မတတောင်း ပက်ထရိုက ဝင်ငွေ တန်းတူညီမျှရေး၊ ပင်စင် တိုးမြှင့်ပေးရေး ကတိကဝတ်တွေ ပေးထားပါတယ်။
ဒါပေမဲ့ ရေနံတွင်းသစ်တွေ တူးဖော်မယ့် အစီအစဉ်ကို ရပ်ဆိုင်းထားမယ်ဆိုတဲ့ သူ့ရဲ့ ကတိကဝတ်က တိုင်းပြည်စီးပွားရေး တည်ငြိမ်ရေးကို ထိခိုက်နိုင်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက သတိပေးနေပါတယ်။
အသက် ၆၂ နှစ်အရွယ် ပက်ထရိုသာ အနိုင်ရမယ်ဆိုရင် သူ့ပြိုင်ဘက် ဂူတာဂတ် နောက်မှာ ထောက်ခံနေကြတဲ့ ဗဟိုနဲ့ လက်ယာယိမ်းပါတီတွေ လွှမ်းမိုးထားတဲ့ ကွန်ဂရက်လွှတ်တော်နဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။