close

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ကေအန်ယူ ထံ ပူးပေါင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေအခြေစိုက် စစ်ကောင်စီရဲ့ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ်-၉၀၄ က တပ်ဖွဲ့ဝင် ၂ ဦးဟာ မေ ၂ ရက်က ကေ ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဆီ လာရောက်ပူးပေါင်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၂ ဦးဟာ တပ်ကြပ်နဲ့ ဒုတပ်ကြပ်အဆင့်တွေဖြစ်ပြီး  MA-1  ၂ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ဆန် ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၄ လုံးနဲ့အတူ KNDO လုံခြုံရေး တပ်ရင်းကို လာရောက်ပူးပေါင်းခဲ့တာပါ။

KNDO ဗိုလ်မှူးစလုံးက “ကျနော်တို့က ညီအစ်ကိုလိုပဲ ပေါင်းချင်တယ်။ စစ်ကောင်စီက လူတွေ အာဏာရှင်တွေကို ဖြုတ်လိုက် သိမ်းလိုက် ပြန်ပူးပေါင်း။ နောက်ဆို ပြည်သူတပ်မတော် ပြန်ဖြစ်ရင်ဖြစ်မယ်။ အရပ်သားအဖြစ်နဲ့လည်း နေလို့ရတယ်။ အဖွဲ့အစည်းနဲ့ ပေါင်းရင်လည်း ပေါင်းလို့ ရတယ်။ ဘယ်သူမှ ဒုက္ခမပေးဘူးပေါ့။ ပြည်သူလူထုတွေက အမြဲပဲကြိုဆိုတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်သူလူထုကို နှိပ်စက်တာတွေ တွေ့မြင်နေရပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မနှစ်မြို့တော့တဲ့အတွက် အမိန့်နဲ့အာဏာကို ဖီဆန်ပြီး အခုလို ပူးပေါင်းခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားမယ်လို့ KNDO ဆီ လာရောက်ပူးပေါင်းခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူဟာ)  တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီက နယ်မြေကျော်စစ်ရေး လှုပ်ရှားလာတဲ့အပြင် တပ်စခန်းတွေ အပြီးထွက်ခွာဖို့ သတိပေးခဲ့ပေမယ့် မထွက်ခွာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြား စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၂၈ ဦးထိ လက်နက်နဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့  ကေအန်ယူဘက် က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up