close

အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒင် ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားသို့ သွားရောက်

အမေရိကန်သမ္မတကတော်  ဒေါက်တာ ဂျေးဘိုင်ဒင်ဟာ ယူကရိန်းက ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့  ရိုမေးနီးယားနိုင်ငံနဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေဆီကို လေးရက်တာခရီး သွားရောက်နေပါတယ်။ 

သမ္မတကတော်ဟာ မေ ၆ ရက်က ရိုမေးနီးယားကို ရောက်သွားပြီး  မစ်ဟိုင်ကိုဂဲလ်နီချန်နူ လေတပ်စခန်းမှာ အမေရိကန် စစ်သားတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ ရှေ့တန်းရောက် အမေရိကန်စစ်သားတွေရဲ့ စားဖိုဆောင်ထဲအထိသွားပြီး  ရင်းရင်းနှီးနှီးစကားပြောကာ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ 

ဒေါက်တာဂျေးဘိုင်ဒင်ရဲ့ အခုခရီးစဉ်ဟာ ယူကရိန်း ဒုက္ခသည်တွေကို အမေရိကန်နိုင်ငံက စာနာမှုရှိကြောင်း ပြသတဲ့ခရီးဖြစ်သလို ယူကရိန်းက ထွက်ပြေးလာရတဲ့ ဒုက္ခသည် မိသားစုတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းမှာ ပါဝင်နေကြတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ကျောင်းဆရာဆရာမတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ 

ဒေါက်တာဂျေးဘိုင်ဒင်ဟာ သူကိုယ်တိုင်လည်း ဗာဂျီးနီးယားပြည်နယ်က ကွန်မြူနတီ ကောလိပ်မှာ အင်္ဂလိပ်စာသင်တဲ့ ပါမောက္ခဖြစ်ပါတယ်။ 

မေ ၈ ရက်ဟာ အမေရိကန်ပြည်ထောင်စုမှာ အမေများနေ့အဖြစ် သတ်မှတ်ထားတဲ့အတိုင်း ဒေါက်တာဂျေးဘိုင်ဒင်ဟာ ယူကရိန်းကနေ စစ်ကြောင့် ထွက်ပြေးလာရတဲ့ မိခင်တွေနဲ့ ကလေးတွေကို တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up