close

ယူကရိန်း၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အလွန်စိုးရိမ်ဟု ကုလလုံခြုံရေးကောင်စီကြေညာ

ရုရှားကိုယ်တိုင်အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ယူကရိန်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အလွန်စိုးရိမ်တဲ့အကြောင်း  ယူကရိန်ကျူးကျော်စစ်ပွဲစတင်ပြီး အချိန် ၂ လခွဲလောက်အကြာမှာ  မေ ၆ ရက်က ပထမဆုံးအကြိမ် ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြားဝင်ပြီး ကြိုးစားပေးနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ 

ဒါဟာ ရုရှားက ယူကရိန်ကို ကျူးကျော် တိုက်ခိုက်နေတဲ့ ၂ လကျော်ခွဲလောက်ကာလအတွင်း ကုသလမဂ္ဂရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့  လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ကြေညာချက်ဖြစ်ပြီး ဒီထုတ်ပြန်ချက်ကို အဖွဲ့ဝင် နိုင်ငံတွေ အားလုံးက သဘောတူကြတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်စာသားကို နော်ဝေနဲ့ မက္ကဆီကိုနိုင်ငံတို့က သောကြာနေ့မှာ အကြမ်းရေးသားပြီး တင်ပြလာတာပါ။  

စာသားအတိအကျကတော့ “လုံခြုံရေးကောင်စီသည် ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေး ကိစ္စအပေါ် အလွန်လေးနက်စွာ စိုးရိမ်သည်” လို့ပါရှိပါတယ်။

ဒါအပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဖွဲ့ကြီးရဲ့ ပဋိညာဉ်ကို လေးစားလိုက်နာဖို့၊ နိုင်ငံတကာ အငြင်းပွားမှုတွေကိုလည်း ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုထား ပါတယ်။ 

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ယူကရိန်းအရေးကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ ဆောင်ရွက်နေတာကိုလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။ 

ဂူတာရက်စ်ဟာ အရင်တပတ်က ယူကရိန်း သမ္မတ ဇီလန်စကီးနဲ့ ရုရှားသမ္မတ ပူတင်တို့ကို ကီယက်ဗ်နဲ့ မော်စကိုမှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံအပြီးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်းတို့ရဲ့ အကူအညီနဲ့ မာရီယူပိုမြို့မှာ ပိတ်မိနေတဲ့အရပ်သား ၅၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up