close

တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၂ ရွာနှင့် ကလေးမြို့နယ်ရှိ တင်သားကျေးရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လက်ဆည်ကျေးရွာနဲ့ အင်တောရိုးကျေးရွာကို စစ်ကောင်စီတပ်တွေက  မေ ၇ ရက် ဒီ မနက် ၆ နာရီခွဲကျော်လောက်က တပြိင်နက် မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မီးရှို့ခံရတဲ့ရွာတွေဟာ ရွာချင်းကပ်နေတဲ့ ကျေးရွာတွေလည်း ဖြစ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ 

"မီးခိုးလုံးကြီးတွေက တအားကြီးတယ်။ အဝေးကနေပဲ သူတို့ မီးရှိုတုန်းက ကြည့်နေရတယ်။ အခုသူတို့ထွက်သွားချိန် ရွာထဲပြန်ကြည်တော့ အိမ်ကြီးအိမ်ကောင်းတွေပဲ မီးရှို့သွားကြတယ်။"

အခုလိုမီးရှို့ခံရကြောင့် လက်ဆည်ကျေးရွာက အိမ် ၄ လုံးနဲ့ အင်တောရိုးကျေးရွာက အိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ 

တည်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတဲ့ကျေးရွာပေါင်း ၁၁ ရွာ အထိ ရှိနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေဟာ ရှားဖိုရွာနဲ့ အရှေ့စည်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက်  မေ ၆ ရက် မနက်ပိုင်းကစလို့ တင်သားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်။

တင်သားကျေးရွာအုပ်စုမှာ ဧပြီ ၂၇ ရက်ကနေ မေ ၄ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေက အရှေ့စည်း‌ရွာနဲ့ ရှားဖိုရွာက လူနေအိမ်တွေကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တင်သားရွာက အမျိုးသမီးတစ်ဦးက "ကိုယ့်ရွာ မီးရှို့ဖျက်ဆီးခံရတဲ့အဖြစ်ကို အဝေးကပဲ။ လှမ်းကြည့်နေရတယ်။ ဘာမှလည်း မတတ်နိုင်ဘူး များတာတော့ များနိုင်တယ်။ ကျမတို့လည်း‌ ပြေးနေရတော့ ဘယ်သူ့ အိမ်တွေ မီးရှို့နေတယ်ဆိုတာကို သေချာမသိရဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ‌ကြံသာကျေးရွာမှာ တပ်စွဲနေထိုင်စဉ်ကာလတည်းကစလို့ တင်သားရွာ အောင်မင်္ဂလာကျေးရွာနဲ့ မှန်တောရွာဘက်ကို လက်နက်ကြီးတွေနဲံ လှမ်းပစ်တာကြောင့် ဒေသခံ တွေ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးဆုံးရှုံခဲ့ပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ ကျေးရွာတွင်းမှာ ‌မနေရဲတော့တာကြောင့် ကျေးရွာအနီး ဒိုးနွယ်ကျေးရွာစာသင်ကျောင်းက ဒိုးနွယ်ရွာကျောင်းထိုင်ဆရာတော်ဦးစီးဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေဆီမှာ နေထိုင်နေကြရပြီး စစ်ဘေးရှောင်ရတာ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်ကာ အကူအညီတွေလည်း လိုအပ်နေပါတယ်။

တင်သားကျေးရွာမှာ အိမ်ခြေ ၂၀၀၀‌ ကျော်ရှိပြီး လူဦးရေ ၈၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာတစ်ရွာလည်းဖြစ်ပါတယ်။

အခုတကြိမ်နဲ့ဆိုရင် တင်သားကျေးရွာဟာ ၃ ကြိမ်မြောက်မီးရှို့ခံရတာဖြစ်ပြီး အရင်နှစ် ဩဂုတ်လတုန်းကလည်း  CDM ကျောင်းဆရာဦးကျော်မင်းနိုင်ရဲ့နေအိမ်နဲ့  ဒီဇင်ဘာလတုန်းက ရွာသားတွေနဲ့ နေအိမ် ၅ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up