close

ပဲခူးမြို့ရှိ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ရုံးတွင် သတ်မှတ်ကြေးထက်ပိုပြီး အဓမ္မငွေကောက်ခံနေ

ပဲခူးမြို့က စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးတဲ့ရုံးမှာ ရုံးတာဝန်ခံဝန်ထမ်းက ပတ်စ်ပို့စ် လာလုပ်တဲ့ ပြည်သူလူထုတွေထံကနေ  သတ်မှတ်ကြေးထက်ပိုပြီး အဓမ္မငွေတောင်းနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ 

ပတ်စ်ပို့သွားလုပ်ခဲ့တဲ့ ဒေသခံတဦးက  “ ပတ်စ်ပို့လုပ်ရင် တယောက်ကို တရားဝင် သွင်းကြေးက ကျပ် ၃၀၀၀၀ လောက်ပေးရတာဖြစ်ပေမဲ့  ရုံးတာဝန်ခံတင်ထွန်း ဆိုသူက ပတ်စ်ပို့လျှောက်လွှာ တစောင်ကို ကျပ် ၁၇၀,၀၀၀ ပေးမှ ထုတ်ပေးတယ်”လို့  ပြောပါတယ်

ဒါ့အပြင် မှတ်ပုံတင်မပါရင် ကျပ် ၃၀၀၀၀ ၊ အိမ်ထောင်စုစာရင်းမပါရင် ကျပ် ၃၀၀၀၀ ၊ အဝင်တံဆိပ်တုံးမရှိရင် ကျပ်၃၀၀၀၀ ၊ အထွက်တံဆိပ်တုံးမရှိရင် ၃၀၀၀၀ လည်း ထပ်ပေးရတဲ့အပြင် စာအုပ်ပျက်စီးတယ် အကြောင်းပြပြီး ဒဏ်ကြေး ၆၀,၀၀၀ ပါ ထပ်တောင်းနေတာကြောင့် ပတ်စ်ပို့သွားလုပ်သူတွေ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင် ရှားပြီး စီးပွားရေး အဆင်မပြေကြတာကြောင့် တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေကပါ ပြည်ပကို ထွက်ခွာ အလုပ်လုပ်လိုသူတွေ  နေ့စဥ် များလာနေတာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up